ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်နဲ့အတူပရိသတ်အချစ်တွေကိုပိုင်ဆိုင်ထားတာကတော့ ချစ်သုဝေတို့မိသားစုလေးပဲဖြစ်ပါတယ်။ ခေတ်နဲ့သစ်ဟာ ချစ်စရာကောင်းပြီး မိဘကိုလည်းငယ်ရွယ်စဥ်ကတည်းကသိတက်အောင်သင်ပေးတဲ့ပုံရိပ်လေးတွေကြောင့်ပိုချစ်နေတာပါ။ လင်းလင်းနဲ့ချစ်သုဝေကိုယ်တိုင်ကလည်း သမီးလေးတွေကိုငယ်ချိန်ကတည်းက ပြုစုပျိုးထောင်နေတာဖြစ်ပါတယ်။
သမီးလေးတွေရဲ့ပုံရိပ် video လေးတွေကိုလည်း လူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ ခုမှာလည်း မေမေချစ်သုဝေက သမီးလေးတွေအကြောင်း မတင်ရတာကြာပြီဖြစ်တာကြောင့် ခုလိုပဲသမီးလေးတွေအကြောင်းကိုတင်ထားတာပါ။ Making leaves with those little hands for ” HOME” campaign. မေမေ macrame”တွေမထိုးနဲ့တော့ အတူတူဆော့ပေး” ဆိုတော့.သမီးလေးတို့ happy homeကိုပြန်ချင်သလို,,, blah..blah..နဲ့တရစပ် စစ်ရှောင်စခန်းက ကလေးလေးတွေပုံကိုပြပြီးရှင်းပြတော့.. ခေတ်ခေတ်လည်းလုပ်ပေးချင်တယ်တဲ့။
သူ့အမလုပ်တော့ သစ်လေးကလိုက်လုပ်တယ်,, ခေတ်ကြီးကဆရာပြန်လုပ်ပြီးပြန်သင်သေးတာရယ်,,သူက ဆရာမကြီးသစ်က သူ့စိတ်ကူးကိုအမေကိုorderအပ်သေးတာ,,သနားပါတယ် သူ့အလှည့်ကိုမရောက်ရှာသေးဘူး”..ဆိုပြီးခေတ်နဲ့သစ်တို့နှစ်ယောက်အကြောင်းလေးကိုပရိသတ်တွေထံပြောပြထားတာပါ။ ပရိသတ်တွေလည်း အမြဲပရိသတ်တွေကိုချစ်မဝဖြစ်စေရတဲ့ခေတ်နဲ့သစ်လေးကိုလည်းချစ်ပေးကြပါဦးနော်။