ပရဟိတအလုပ်တွေနဲ့တစ်နေကုန် ပင်ပန်းနေတဲ့ ချစ်သူလေးအား ကိုယ်တိုင်ထမင်းခွံ့ကျွေးပြီး ရိုချပလိုက်တဲ့ ခိုင်နှင်းဝေရဲ့ကောင်လေး

တစ်ချိန်ကအနုပညာလောကမှာလည်းအောင်မြင်မှုတွေရရှိထားသလို ခုမှာလည်း ပရဟိတအလုပ်တွေမှာအောင်မြင်မှုတွေရရှိနေတာကတော့ ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ ခုမှာဆိုလည်း ခိုင်နှင်းဝေများဂေဟာလေးကိုလည်းအောင်အောင်မြင်မြင်နဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။သူရဲ့ကြိုးစားမှုတွေကြောင့်လည်း ခုလိုအောင်မြင်မှုတွေနဲ့ပရဟိတအလုပ်တွေကိုပိုကြိုးစားလုပ်ကိုင်နိုင်တာပါ။

သူတို့ရဲ့ဂေဟာလေးကိုလည်း ပရိသတ်တွေများစွာအားပေးပြီးလှူဒါန်းမှုတွေရှိကြတာပါ။ ကလေးလေးတွေရဲ့ ပုံရိပ်လေးတွေ video လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။သူကတော့ ခုလိုမျိုးအဖက်ဖက်ကအောင်မြင်သူတစ်ယောက်အပြင် ပျော်ရွှင်စရာ Relationship ဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။

ဒီနေ့မှာကျရောက်တဲ့ ခိုင်နှင်းဝေရဲ့မွေးနေ့လေးကိုလည်းသူ့ရဲ့ချစ်သူလေးကဆုတောင်းပေးထားတာပါ။ Happy Birthday သံသရာတလျှောက်လုံး ဒုက္ခအပူပေးတဲ့သူများနဲ့ ကင်းဝေးပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသူ တရားထူး တရားမြတ်ကို ရရှိသူကြီး ဖြစ်ပါစေဗျာဆိုပြီးဆုတောင်းပေးထားတာပါ။ ပရိသတ်တွေလည်း ပရဟိတမင်းသမီးချောလေးခိုက်နှင်းဝေရဲ့မွေးနေ့လေးကိုလည်းဆုတောင်းစကားလေးတွေပြောပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.