ယခုချိန်မှာ သမီးလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ ချမ်းချမ်းပဲဖြစ်ပါတယ်။ သူကတော့ အချစ်သီချင်းလေးတွေနဲ့ပရိသတ်အချစ်တွေကိုသိမ်းပိုက်နိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာခုတော့အနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီး ခင်ပွန်းဖြစ်သူရဲ့နိုင်ငံမှာသွားရောက်နေထိုင်နေတာပါ။
နိုင်ငံရပ်ခြားမှာသွားရောက်နေထိုင်နေပေမယ့် လူမှုကွန်ရက်ကနေပရိသတ်တွေနဲ့မပြတ်အောင်ပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။ သမီးလေးမွေးဖွားပြီးနောက်ပိုင်းမှာလည်း သမီးလေးရဲ့ ပုံရိပ်လေးတွေ video လေးတွေတင်ပေးလေ့ရှိတာပါ။ သမီးလေးကိုလည်းမြန်မာစကားလေးတွေကိုဖြည်းဖြည်းချင်းသင်ပေးလေ့ရှိတာပါ။
ခုမှာလည်း ဆော့ကစားနေတဲ့သမီးလေးကို ဖြေးဖြေးချင်း မြန်မာလိုပြောတက်အောင်သင်နေတာပါ။ မြန်မာလို တာ့တာလေးကိုသင်ပေးနေတာဖြစ်ပြီး သမီးလေးကလည်း အတက်မြန်တာကြောင့်ပြောတက်နေပြီဖြစ်ပါတယ်။ ဘယ်လိုချစ်စရာကောင်းအောင်မြန်မာစကားလေးတွေပြောနေလဲဆိုတာကတော့ အောက်က video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။