သူမအပေါ် အလုပ်တွေဖိခိုင်းလွန်းတဲ့ မောင်ဖြစ်သူရဲ့နှိပ်စက်ပုံတွေကို ဖောက်သည်ချလာတဲ့ ပိုင်တံခွန်ရဲ့အစ်မ

မြန်မာနိုင်ငံမှာသာမကနိုင်ငံတကာမှာပါ နာမည်ကျော်အောင်မြင်နေတာကတော့ ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူကတော့မကြာသေးခင်ကမှ ဖမ်းဆီးထိန်းသိမ်းခံရမှုကနေလွတ်မြောက်လာခဲ့တာပါ။ ထိန်းသိမ်းခံကတုန်းကလည်းသူလွတ်လာဖို့ပရိသတ်တွေအမြဲစောင့်မျှော်ခဲ့ရသလိုခုမှာလည်း ဝမ်းသာပီတိတွေနဲ့ချစ်မဝဖြစ်နေရတာပါ။

သူကတော့လက်ရှိအချိန်မှာ ချစ်ရသူတွေ၊မိသားစု၊သူငယ်ချင်းတွေကိုအချိန်ပေးဖြစ်နေတာပါ။ မကြာမီလည်းပရိသတ်တွေရှေ့ကိုပြန်လာပြီးအနုပညာအလုပ်တွေလုပ်ဖို့ရှိနေတာပါ။ သူဖမ်းဆီးထိန်းသိမ်းခံရတုန်းကလည်းသူ့သတင်းလေးတွေကို ပရိသတ်နဲ့မပြတ်စေဖို့အမြဲ ပြောကြားပေးနေတဲ့သူတစ်ယောက်ရှိပါတယ်။

သူကတော့ ပိုင်တံခွန်ရဲ့အမဖြစ်သူပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကိုစိတ်ပူနေတဲ့ပရိသတ်တွေအတွက် အမြဲသတင်းလေးတွေတင်ပေးလေ့ရှိတာပါ။ ခုမှာတော့ သူသိပ်ချစ်ရတဲ့သူ့မောင်လေးကိုစနောက်ခဲ့တာပါ။ “မဲလုံးတို့များ အတိုးနဲ့အသေခိုင်းတာနော် ခုမှပဲနားရတယ် တစ်ကိုယ်လုံးလဲကိုက်ခဲနာကျင်လို့”ဆိုပြီးလူမှုကွန်ရက်လေးကနေသူ့မောင်ကိုစနောက်လိုက်တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *