နှိုင်းယှဥ်ဆိုတာနဲ့ ခုOnline Saleလေးတွေမှာ အမြဲ live လေးတွေလွှင့်ပြီးစျေးလေးတွေရောင်းနေတာပါ။ သူမကတော့လွန်ခဲ့တဲ့နှစ်များစွာကတည်းက ဇာတ်ပို့ဇာတ်ရံအနေနဲ့အနုပညာလောကမှာ ပရိသတ်အားပေးချစ်ခင်မှုအပြည့်နဲ့အောင်မြင်လာသူတစ်ယောက်ပါ။ ခုနောက်ပိုင်းခေတ်စားလာတဲ့ online saleလေးတွေမှာတော့ သူမဟာ အားပေးသူအများအပြားနဲ့ live လေးတွေတိုင်းမှာ ရောင်းချပေးဖို့ကမ်းလှမ်းခံနေရတာပါ။
စိန်ထည်ပစ္စည်းတွေ၊ အဝတ်အစားတွေစသည်တို့မှာ အများဆုံးသူမရဲ့ liveလေးတွေတွေ့ရတက်ပါတယ်။ ခုမှာလည်း သူကိုကမ်းလှမ်းထားတဲ့အလုပ်တွေအများကြီးထဲကမှာ သူချေမိုးတဲ့အလုပ်လေး ၂ခုကို liveလွှင့်ရောင်းချဖို့ပြောခဲ့တာပါ။ မြို့တစ်မြို့ရဲ့ တစ်ခုထည်းသော Shopping Mall အသစ်ကြီးရဲ့အခန်းတွေကို Live လွှင့်ပေးဖို့နဲ့…
ကိုယ်လွှင့်ပေးနေကျ စိန်ဆိုင်တစ်ခုရဲ့အိမ်ယာအကြီးကြီးကြီးထဲက လုံးချင်းတွေကို Live လွှင့်ပေးဖို့…ကျွန်မကလူကသာ ဘာမှမဟုတ်တာလာလိုက်တဲ့အလုပ်တွေက ချေမိုးနေတာပဲ။
အရင်ကတော့ ငါးပိကစ စိန်ထိအကုန်ရောင်းပါတယ်။ခုတော့တဆင့်ထက်တက်ပြီး အိမ်ယာတို့ Shopping Mallက ဆိုင်ခန်းတွေပါ ရောင်းပေးရင်ကောင်းမလား အမျိုးတို့၊မြေကွက်တွေကတော့ဟိုးကတည်းက လာချိတ်ကြတာ…မနေ့တနေ့ကထိ တစ်ခါမှ လက်မခံခဲ့ဘူးကားတွေရောင်းပေးဖို့ showroom ကလာချိတ်လည်းလက်မခံခဲ့ဘူးအင်္ဂါနာမ်နဲ့အကျိုးပေးတယ်ဆိုကတည်းကများသောအားဖြင့်စိန်ပဲဖိရောင်းခဲ့တာ….ခုတော့ ချေမိုးတဲ့ အဲ့အလုပ်လေးနှစ်ခုကို စမ်းလက်ခံချင်တာ…..လူက တစ်ကိုယ်တည်းဘေးကအစစအရာရာ ပံပိုးတဲ့ ယောက်က်ျားကတစ်ယောက်တည်းခလေးနှစ်ယောက်နဲ့လက်ခံချင်တဲ့အလုပ်တွေကအများကြီးဟူးဆိုပြီးရေးသားထားခဲ့တာပါ။