မြန်မာ့ CDM လှုပ်ရှားမှုကို ၂၀၂၀ နိုဘယ်ဆုအတွက် အ ဆို တင်သွင်းခံရ
မြန်မာနိုင်ငံသားများ၏ Civil Disobedience Movement ကို လာမည့် ၂၀၂၀ တွင် ပေးမည့် နိုဘယ်ဆုအတွက် အဆိုတင်သွင်းထား ကြောင်း နော်ဝေနိုင်ငံအခြေစိုက် NRK သတင်းဌာနက ဖော်ပြထားသည်။
NRK သတင်း၏ အဆိုအရ နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ်မှ လူမှုသိပ္ပံ ပါမောက္ခ ၆ ဦးက လာမည့် ၂၀၂၀ နိုဘယ်ဆုရွေးချယ်ရေးတွင် ထည့်သွင်းရွေးချယ်စဉ်းစားပေးရန် အဆိုတင်သွင်းထားခြင်းဖြစ်သည်။
ယခုသတင်းကို နော်ဝေအခြေစိုက် သတင်းဌာန NRK တစ်ခုတည်းကသာ တင်ထားသည်ကို တွေ့ရသေးပြီး ကျန် ကမ္ဘာ့မီဒီယာများတွင်တော့ ရေးသားဖော်ပြမှုများ မရှိသေးပါ။
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် Civil Disobedience Movement ကို စတင်ဖော်ဆောင်ခဲ့သူမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရေးလမ်းစဉ်ကို စတ င် ကျင့်သုံးခဲ့သူ မဟတ္တမ္မ ဂန္ဒီဖြစ်ပြီး ၁၉၃၀ ခုနှစ်တွင် ဗြိတိသျှအစိုးရကို ဆန့်ကျင်၍ ဆားချက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
Zawgyi
ျမန္မာ့ CDM လႈပ္ရွားမႈကို ၂၀၂၀ ႏိုဘယ္ဆုအတြက္ အ ဆို တင္သြင္းခံရ
ျမန္မာႏိုင္ငံသားမ်ား၏ Civil Disobedience Movement ကို လာမည့္ ၂၀၂၀ တြင္ ေပးမည့္ ႏိုဘယ္ဆုအတြက္ အဆိုတင္သြင္းထား ေၾကာင္း ေနာ္ေဝႏိုင္ငံအေျခစိုက္ NRK သတင္းဌာနက ေဖာ္ျပထားသည္။
NRK သတင္း၏ အဆိုအရ ေနာ္ေဝႏိုင္ငံ ေအာ္စလို တကၠသိုလ္မွ လူမႈသိပၸံ ပါေမာကၡ ၆ ဦးက လာမည့္ ၂၀၂၀ ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးတြင္ ထည့္သြင္းေ႐ြးခ်ယ္စဥ္းစားေပးရန္ အဆိုတင္သြင္းထားျခင္းျဖစ္သည္။
ယခုသတင္းကို ေနာ္ေဝအေျခစိုက္ သတင္းဌာန NRK တစ္ခုတည္းကသာ တင္ထားသည္ကို ေတြ႕ရေသးၿပီး က်န္ ကမာၻ႔မီဒီယာမ်ားတြင္ေတာ့ ေရးသားေဖာ္ျပမႈမ်ား မရွိေသးပါ။
ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံတြင္ Civil Disobedience Movement ကို စတင္ေဖာ္ေဆာင္ခဲ့သူမွာ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေရးလမ္းစဥ္ကို စတ င္ က်င့္သုံးခဲ့သူ မဟတၱမၼ ဂႏၵီျဖစ္ၿပီး ၁၉၃၀ ခုႏွစ္တြင္ ၿဗိတိသွ်အစိုးရကို ဆန္႔က်င္၍ ဆားခ်က္ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္။