ပထမဆုံးရတဲ့ အနုပညာကြေးတွေကို တစ်ပြားမှမသုံးဘဲ မိဘတွေအတွက် တန်ဖိုးကြီးလက်ဆောင်များ ဝယ်ပေးခဲ့တဲ့ ပိုင်တံခွန်

ပရိသတ်အချစ်တော်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ မနေ့ကပထမဆုံး ပရိသတ်တွေရှေ့ကိုပြန်ထွက်လာခဲ့ပါတယ်။ ပွဲလေးတစ်ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ပုံရိပ်တွေကလူမှုကွန်ရက်မှာတော်တော်များများပြန့်နှံ့ရေပန်းစားခဲ့တာဖြစ်ပါတယ်။ သူထိန်းသိမ်းခံရပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်ပရိသတ်ရှေ့ထွက်လာခဲ့တဲ့ပွဲလေးလည်းဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ပရိသတ်တွေဟာ သူရဲ့ပုံရိပ်တွေ၊အနုပညာလှုပ်ရှားမှုတွေကိုအမြဲစောင့်မျှော်နေကြတာဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်းမိသားစုနဲ့ချစ်ရတဲ့သူတွေကိုအချိန်ပေးပြီးနောက် ပရိသတ်ရှေ့ပြန်လာလာခဲ့မယ်ဆိုပြီးလည်းပြောခဲ့သေးတာပါ။ ခုလိုပိုင်တံခွန်ကို ပရိသတ်တွေချစ်ပြီး အားပေးနေကြတာကို သူရဲ့အမေ၊အမဖြစ်သူတို့ကလည်းကြည့်ပြီးဝမ်းသာနေရတာပါ။

အခုမှာတော့ သူ့ရဲ့ပထမဆုံးအလုပ်ပြန်လုပ်တဲ့ပွဲလေးအပြီးမှာ အမေဖြစ်သူအတွက် ပထမဆုံးကျေးဇူးဆပ်လိုက်တာဖြစ်ပါတယ်။ ပထမဆုံးရတဲ့အလုပ်ကနေ မေမေ့အတွက် မွေးနေ့လက်ဆောင်ဝယ်ပေးတဲ့ မေမေ့ချစ်သားလေး အလုပ်အကိုင် ဒီထက်မက အောင်မြင်ပါစေဆိုပြီးလည်း မေမေဖြစ်သူကဆုတောင်းပေးခဲ့တာပါ။ သားလေးရဲ့မွေးနေ့လက်ဆောင်လေးကြောင့်ပျော်နေတဲ့ ပိုင်တံခွန်မေမေနဲ့သူတို့မိသားစုပုံရိပ်လေးတွေကိုလည်းပရိသတ်တွေကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *