BGF တပ်ဖွဲ့အုပ်ချုပ်တဲ့ ဒေသတွင် ကျင်းပသော ဖျော်ဖြေပွဲကြီးမှာ အားရပါးရသီချင်းဆိုပြီး အပျော်လွန်ခဲ့တဲ့ အုပ်စိုးခန့်ရဲ့ဗီဒီယိုဖိုင်

တစ်ချိန်က အမိုက်စားသီချင်းလေးတွေနဲ့ မိန်းကလေးတွေရဲ့အသည်းကိုခြွေနိုင်ခဲ့တာကတော့ အုပ်စိုးခန့်ပဲဖြစ်ပါတယ်။ သူကတော့ အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေများစွာရရှိထားတာဖြစ်ပါတယ်။ သူရဲ့သီချင်းလေးတွေကလည်း မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်ရရှိထားတာပါ။

ဒါပေမယ့်သူဟာ မကြာခဏဆို ဝေဖန်မှုတွေခံနေရတာပါ။ သူရဲ့လုပ်ရပ်ပုံရိပ်လေးတွေကြောင့်နောက်ပိုင်းမှာ ပရိသတ်တွေက သူကိုဝေဖန်မှုတွေလုပ်လာကြပြီး နာမည်လည်းကျခဲ့တာဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ အာဏာသိမ်းချိန်ကတည်းက ပရိသတ်ရှေ့ပျောက်ကွယ်နေခဲ့တာဖြစ်ပြီး တစ်ခြားအနုပညာရှင်များနည်းတူ Boycottအဖြစ်သတ်မှတ်ခဲ့တာပါ။

ခုမှာတော့အဲ့လိုအခြေတွေကြားထဲမှာပါ အဆိုးဆုံးအရာတစ်ခုကိုလုပ်လိုက်တာဖြစ်ပါတယ်။ BGFတပ်ဖွဲ့ဝင်များကြီးစိုးတဲ့ ကရင်ပြည်နယ်ကရွာလေးတစ်ရွာရဲ့ဘုရားပွဲလေးမှာသီချင်းသွားဆိုခဲ့တာပါ။ မကြာခင်ကလည်းနာမည်ကျော်သရုပ်ဆောင်မြင့်မြတ်သွားခဲ့တာကြောင့်အကြီးကျယ်ဝေဖန်ခံနေရတာဖြစ်ပြီး ခုမှာလည်း သူကိုဝေဖန်နေကြတာပါ။ ဒါ့အပြင်သူ့ရဲ့လူမှုကွန်ရက်မှာပါတင်ထားတာကြောင့် ပရိသတ်တွေကိုစော်ကားသလိုဖြစ်နေတာကြောင့် ဝေဖန်သုံးသပ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *