ခင်ပွန်းဟောင်းနဲ့ ပြန်ပတ်သက်နေတယ်လို့ သတင်းဖြန့်နေကြသူတွေအကုန်လုံးကို တိကျလွန်းတဲ့ သက်သေတွေထုတ်ပြလိုက်တဲ့ ဇာဇာထက်

အရင်ကအမိုက်စားခန္ဓာကိုယ်အလှတွေနဲ့အတူ Sexy ကျကျပုံရိပ်တွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိခဲ့တာကတော့ ဇာဇာထက်ပဲဖြစ်ပါတယ်။အစပိုင်းမှာတော့ သူမရဲ့ Sexy ပုံရိပ်တွေကြောင့်ဝေဖန်မှုတွေများစွာကြုံတွေ့ခဲ့ရပေမယ့် ခုနောက်ပိုင်းမှာတော့လက်ခံအားပေးလာတာပါ။ သူမဟာ အမြဲလေ့ကျင့်ခန်းတွေလည်းမပြတ်လုပ်တာကြောင့်ခုချိန်ထိအမိုက်စာ ခန္ဓာကိုယ်အလှတွေကိုထိန်းထားနိုင်တာပါ။

သူမဟာ လူမှုကွန်ရက်ကနေ အသုံးအဆောင်လေးတွေကိုရောင်းချနေတာဖြစ်ပြီး အားပေးတဲ့ပရိသတ်တွေအများအပြားရရှိထားတာပါ။ သူလုပ်တဲ့အလုပ်လေးဟာအောင်မြင်နေတာကြောင့်ခုမှာမနာလိုသူတစ်စုရဲ့ အရင်အတိတ်ကိစ္စတွေကိုပြန်အစဖော်တိုက်ခိုက်ခံနေရတာပါ။ ဒါကြောင့်သူမရဲ့လူမှုကွန်ရက်ကနေခုလိုဖြေရှင်းသွားခဲ့တာပါ။

အပြင်ပတ်ဝန်းကျင်မှာကျွန်မနဲ့ပတ်သတ်နေတယ်ဆိုတဲ့စကားတွေကျွန်မနဲ့မပြတ်သေးပါဘူးဆိုတဲ့စကားတွေ ကျွန်မကလျော်ကြေးတွေရယူထားပါတယ်ဆိုတဲ့မမှန်မကန်သတင်းတွေလဲပြန်ကြားရပါတယ် ပြီးခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီးမဟုတ်မမှန်သတင်းများဆက်လွှင့်နေပါက ကျွန်မဘက်က တရားဥပဒေအတိုင်းပဲဆက်သွားမှာပါနှစ်ဖက်ရှေ့နေတွေနဲ့အသိသက်သေတွေရှေ့မှာတရားဝင်ကွာရှင်းထားတဲ့အပြင်နိုင်ငံပိုင်သတင်းစာမှာကွာရှင်းပြီးစီးကြောင်းကိုလဲထည့်ထားတာ တစ်နိုင်ငံလုံးအသိပါ။အခုဟာက ကျွန်မရေးသမျှပို့စ်အောက်မှာထိုသူနဲ့ပတ်သတ်ကြောင်းထိုသူရဲ့အရှုပ်အရှင်းအကြောင်းတွေလာလာမန့်လိုက်linkတွေလာချပေးပြီး ကျွန်မမသိတဲ့ကိစ္စတွေကိုဘယ်လိုရှင်းပေးမှာလဲဟုဆိုကာ ကျွန်မမန်နေဂျာဖုန်းကိုဖုန်းဆက်မေးလာကြတဲ့သူများရှိလာတဲ့အပြင် ရုံးအောက်မှာလာစောင့်မယ်တို့

ကာစတန်မာအယောင်ဆောင်ကာစျေးလာဝယ်တာတို့လုပ်ပြီး ကျွန်မဖေ့ဘွတ်ကိုလာအပ်တာတွေလဲရှိနေသောကြောင့် ထိုသူနဲ့ပတ်သတ်ပြီးရှင်းချင်ရှုပ်ချင်သူများ ကာယံကံရှင်နှင့်သာ တိုက်ရိုက်ဆက်သွယ်ဖြေရှင်းကြပါရန်နှင့် ကျွန်မနဲ့သက်ဆိုင်ခြင်းလုံးဝမရှိပါကြောင်းအများသိစေရန်ဒုတိယအကြိမ်မြောက်ဒီစာကိုတင်လိုက်ရပါတယ်ရှင့်

ပြသာနာကကျွန်မနဲ့ရှင်းရမှာမဟုတ်သလိုကျွန်မနဲ့လဲလုံးဝမသက်ဆိုင်ဘူးလေဘာကြောင့်ကျွန်မပို့စ်အောက်လာလာမန့်နေတာလဲရှင့်?မန့်နေလဲရှင်တို့အတွက်ဘာအကျိုးမှထူးလာမှာမဟုတ်ဘူးရှင့်ထပ်မံလွန်လာပါက ကျွန်မရှေ့နေနှင့်သာတိုက်ရိုက်စကားပြောပြီးဘောင်ထဲကသာ ရှင်းပါမည်ရှင့် ကိုယ့်ပြသာနာအရှုပ်များကိုယ့်ဘာသာရှင်းကြပါရှင့် ဒီ့ထက်လွန်လာရင်သက်သေအချက်အလက်တွေကျွန်မအကုန်ချပြလိုက်မှာနော်စာကိုသေချာဖတ်ကြပါရှင့် ကျွန်မနဲ့မည်သို့မျှမသက်ဆိုင်တဲ့ကိစ္စမို့ကျွန်မရဲ့သာယာနေတဲ့ဘဝကိုလဲကျေးဇူးပြုပြီး မနှောက်ယှက်ဖို့ဒီကနေပဲတောင်းပန်ပရစေရှင့်ဆိုပြီးဖြေရှင်းခဲ့တာပါ။

Leave a Reply

Your email address will not be published.