ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော ညီလေးနဲ့ပြည်ပခရီးသွားတုန်းက ကြုံခဲ့ရတဲ့ အမှတ်တရဗီဒီယိုလေးကို ဝေမျှပေးလာတဲ့ နေတိုး

နှင်းဆီအဖွဲ့ဆိုတာနဲ့ပရိသတ်တွေကိုအမြဲရယ်မောအောင်ဖျော်ဖြေပေးနိုင်တဲ့ အငြိမ့်အဖွဲ့လေးပဲဖြစ်ပါတယ်။ အဆိုပါအဖွဲ့လေးမှာပါဝင်နေတဲ့သူတွေကလည်း နိုင်ငံကျော်အနုပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့လေးဖြစ်ပါတယ်။ သူတို့ပွဲလေးတွေတိုင်းလည်း ပရိသတ်အပြည့်နဲ့အားပေးမှုရရှိထားတာပါ။

သူတို့အဖွဲ့လေးမှာ မြန်မာနိုင်ငံမှာသာမက နိုင်ငံခြားထိပါသွားရောက်ဖျော်ဖြေခဲ့ရတာပါ။ ခုနောက်ပိုင်းမှာတော့ နိုင်ငံရေးအခြေနေတွေကြောင့်သူတို့အဖွဲ့လေးဟာအရင်လိုပွဲတွေမကနိုင်တော့ပါဘူး။ နှင်းဆီအဖွဲ့ဝင်တစ်​ယောက်ဖြစ်တဲ့ ပြည်သူ့အချစ်တော် မင်းမော်ကွန်းကလည်းမကြာမီကအဖွဲ့ကနေနုတ်ထွက်သွားခဲ့သေးတာဖြစ်ပါတယ်။

ခုမှာတော့နေတိုးဟာ သူရဲ့ Youtube Channel ကနေပြီးတော့ ပရိသတ်တွေအတွက်အမှတ်တဖြစ်စေဖို့ နှင်းဆီအဖွဲ့စချိန်ကတည်းက အမှတ်တရ video လေးတွေကိုတင်ပေးနေတာပါ။ ခု နှင်းဆီခရီးသွားအစီစဥ်ရဲ့ အပိုင်း(၅)လေးကတော့ ပျော်ရွှင်စရာသတိရစရာတွေနဲ့ပြည့်နှက်နေပါတယ်။ မင်းသွေးလည်းပါဝင်နေတာဖြစ်ပြီးသူတို့ရဲ့နိုင်ငံခြားခရီးစဥ်လေးဟာ ဘယ်လိုတွေတောင်ကြည်နူးဖို့ကောင်းလဲဆိုတာအောက်က video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *