သူမတို့ လက်ရှိနေထိုင်တဲ့ ကွန်ဒိုတိုက်ခန်းလေးကို ချိုသာတဲ့ ဈေးနှုန်းဖြင့် ရောင်းချဖို့ ပြင်ဆင်နေတဲ့ စန္ဒီမြင့်လွင်

ယနေ့အချိန်ထိပရိသတ်တွေရဲ့ချစ်ခင်မှုတွေကိုလည်းအပြည့်ရထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးပိုင်ဆိုင်ထားတာကတော့ စန္ဒီမြင့်လွင်တို့မိသားစုလေးပဲဖြစ်ပါတယ်။ ဒီဒီးဟာ သမီးလေးမွေးဖွားလာပြီးနောက်ပိုင်းအနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ပေမယ့် သမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေကြောင့် ပရိသတ်တွေပိုချစ်ပြီးအားပေးနေကြတာပါ။ သူတို့မိသားစုလေးကိုကြည့်လိုက်တိုင်းလည်းအမြဲကြည်နူးစရာကောင်းနေတာပါ။

လူမှုကွန်ရက်မှာ သမီးလေးရဲ့ချစ်စရာ ပုံရိပ်video လေးတွေကိုတင်ပေးလေ့ရှိတာကြောင့် သူမရဲ့ Social Mediaကိုစောင့်မျှော်နေတဲ့ပရိသတ်တွေမနည်းပါ။ခုမှာတော့ စီးပွားရေးကျပ်တည်းနေတဲ့အခြေနေမှာ သူတို့မိသားစုပိုင်တဲ့ ကွန်ဒိုလေးကို ရောင်း/ငှားဖို့စီစဥ်နေတာဖြစ်ပါတယ်။ သူတို့ပိုင်တဲ့ကွန်ဒိုလေးဟာလည်းနေရာကောင်းလေးဖြစ်တာကြောင့် စိတ်ဝင်စားတဲ့ပရိသတ်တွေအတွက်တော့အကြိုက်ဖြစ်စေမှာပါ။

ရန်ကင်းမြို့၊ကန်ဘဲ့ဘူတာရုံလမ်းမှာရှိတဲ့ ကန်ဘဲ့တာဝါက ကွန်ဒိုကို ရောင်း/ ငှားမှာဖြစ်ပါတယ်။ အထဲမှာပါတဲ့ အရာတွေကလည်းအသစ်တွေဖြစ်ပြီး စိတ်ဝင်စားတဲ့သူတွေအနေနဲ့လည်းပိုင်ရှင်နဲ့ကိုယ်တိုင်တွေ့ဆုံရမှာပါ။ စိတ်ဝင်စားကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်လည်း ဒီဒီးတို့ရောင်းချငှားရမ်းမယ့် ကွန်ဒိုပုံရိပ်လေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *