ညီနန္ဒဆိုတာနဲ့တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေမှာ ကားတိုင်းလိုလိုပါဝင်ရိုက်ကူးရတဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ ယနေ့အချိန်ထိတိုင်ပရိသတ်အားပေးမှုတွေကိုအပြည့်ရရှိထားတာပါ။ သူကတော့ နောက်ပိုင်းမှာ ထောပတ်ထမင်းလေးကိုရိုးသားစွာရောင်းရရင်းအသက်မွေးဝမ်းကျောင်းပြုနေတာပါ။ ဒါပေမယ့်လည်း တိုင်းပြည်ကိုမတရားလုယူအာဏာသိမ်းပြီးချိန်မှာတော့ သူ့အိမ်မက်လေးဟာ ပျက်ပြယ်ခဲ့ရပါတယ်။
သူကတော့ခုမှာ ဖမ်းဝရမ်းထုတ်ခံရပြီး လွတ်မြောက်နယ်မြေတစ်ခုမှာထွက်ပြေးပုန်းရှောင်နေခဲ့ရတာပါ။ အခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် မတရားမှုကိုတွန်းလှန်နေကြတာဖြစ်ပါတယ်။ သူ့ရဲ့လူမှုကွန်ရက်ကနေလည်း ပရိသတ်တွေနဲ့မပြတ်အောင်စာလေးတွေရေးပြီးတင်ပေးလေ့ရှိပါတယ်။
သူမှာလည်းပရိသတ်တွေမသိသေးတဲ့ အရင်ကအကြောင်းအရာလေးကိုထုတ်ပြောပြခဲ့တာပါ။ သူရဲ့အကိုတစ်ယောက်ဖြစ်တဲ့ ဗျိုက်ရဲ့အကြောင်းလေးကိုပြောပြထားရင်အမှတ်တရပုံလေးတင်ထားတာပါ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့တစ်ဦးတည်းသောအစ်ကိုဗျိုက် ရဲ့ ကျောပြင်က Tatoo (၂၀၀၅ခုနှစ်)… Tattoo ဆရာ Zayar Gyi ရဲ့ဝါးတူလေးနဲ့ထိုးခဲ့တဲ့စုတ်လက်ရာလေးပါ…ဘယ်လိုမှမေ့လို့မရတဲ့ အမှတ်တရ…ဘယ်ရောက်နေလည်း ကိုမင်း ရေ…ဆိုပြီး သူ့ရဲ့အကိုကိုလွမ်းဆွတ်သတိရနေတာဖြစ်ပါတယ်။