ယောက္ခမဖြစ်ပေမယ့် အမေရင်းလိုသဘောထားပြီး သွားချင်တဲ့နေရာတွေမရောက်ရောက်အောင် လိုက်ပို့ပေးလေ့ရှိတဲ့ မင်းဦးရဲ့ဇနီးချောလေး

တစ်ချိန်ကရုပ်ရှင်လောကမှာ ပီပြင်တဲ့သရုပ်ဆောင်မှုတွေနဲ့အောင်မြင်မှုများစွာကိုသိမ်းပိုက်ထားနိုင်တာကတော့ မင်းဦးပဲဖြစ်ပါတယ်။ ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့သူတစ်ယောက်ဖြစ်ပြီးယနေ့အချိန်ထိအားပေးချစ်ခင်နေကြတာပါ။ ခုနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကိုနားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။

မင်းဦးဟာလူမှုကွန်ရက်မှာလည်းပုံရိပ်လေးတွေကိုတစ်ခါတစ်ရံတင်ပေးလေ့ရှိပါတယ်။ တစ်ချိန်က ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားမှုတွေနဲ့ပရိသတ်ကိုဖျော်ဖြေတင်ဆက်ပေးခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ မိသားစုကိုအချိန်ပေးရင်း အရိုးရှင်းဆုံးဖြတ်သန်းနေတာပါ။ ပရိသတ်တွေကလည်း သူ့ရဲ့လူမှုကွန်ရက်လေးကနေ ပုံရိပ်လေးတွေကိုအားပေးချစ်နေရတာပါ။

ခုမှာလည်း မမြင်ရတာကြာတဲ့သူ့ကိုလူမှုကွန်ရက်ကပုံရိပ်လေးနဲ့ပြန်တွေ့ခဲ့ရတာပါ။ အမေမထင်မှတ်ဘဲ အမေ့အတွက်ခရီးလေးတစ်ခုထွက်ဖြစ်ပါတယ်အမေ ကျန်းမာပျော်ရွင်ပါစေ(အဖေဆုံးတာ၈ လပြည့်ပြီး အမေ့အတွက်စိတ်ပြေလက်ပျောက်ခရီးလေးပေါ့) ဆိုပြီးပုံရိပ်လေးတွေတင်ထားတာပါ။ ပရိသတ်တွေလည်းသူတို့မိသားစုလေးရဲ့ကြည်နူးစရာပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.