မိခင်ဖြစ်သူဘန်ဂလိုဆောက်ပြီး အနားယူနိုင်ဖို့အတွက် မြေဧကများစွာကျယ်ဝန်းတဲ့ ခြံဝန်းကြီးဝယ်ပေးခဲ့တဲ့ နေဒွေး

တစ်ချိန်ကအနုပညာလောကမှာ အောင်မြင်မှုတွေနဲ့သိမ်းပိုက်ထားနိုင်တဲ့မင်းသားချောလေးကတော့ နေဒွေးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိ အားပေးတဲ့ပရိသတ်တွေများစွာနဲ့ နေဒွေးဟာအောင်မြင်မှုတွေများစွာရရှိထားတုန်းဖြစ်ပါတယ်။ သူဟာအနုပညာ အလုပ်တွေကိုလတ်တလောနားထားပေမယ့် လူမှုကွန်ရက်ကနေ Live လွှင့်ပြီးစျေးလေးရောင်းနေတာပါ။

သူ့ရဲ့ Live တိုင်းမှာလည်း ပရိသတ်တွေအားပေးမှုအပြည့်နဲ့ရရှိထားတာပါ။ သူဟာ အလုပ်ကိုလည်းကြိုးစားသည့်အပြင် မိဘကိုလည်းသိတက်တဲ့သားလိမ္မာလေးဖြစ်ပါတယ်။ မိဘအပေါ်သိတက်မှုတွေကြောင့်လည်း အလုပ်တိုင်းမှာ အောင်မြင်မှုတွေနဲ့ရပ်တည်နိုင်တာပါ။

ခုမှာလည်းသူချစ်ရတဲ့ အမေ့အတွက် လက်ဆောင်လေးတစ်ခုနဲ့စပရိုက်တိုက်ခဲ့တာပါ။ မေမေ့ မွေးနေ့ တုန်းကမပေးလိုက်ရတဲ့လက်ဆောင်အကြွေးမေမေ စိုက်ချင်တဲ့ သီးပင်စားပင်လေးတွေစိုက်ပါ ဘန်ဂလိုလေးတလုံးဆောက်ပီးရင် ဆူညံပူလောင်တဲ့မြို့ပြရဲ့အဝေး အေးချမ်းတိတ်ဆိတ်စွာ သွားရောက်အနားယူပါဆိုပြီး မွေးနေ့လက်ဆောင်လေးပေးခဲ့တာပါ။ ပရိသတ်တွေလည်းနေဒွေးအမေ့ကိုစပရိုက်တိုက်လိုက်တဲ့ခြံပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.