ပျော်ရွှင်စရာမိသားစုဘဝလေးနဲ့အတူဘဝကို အေးချမ်းစွာဖြတ်သန်းနေတာကတော့ ဆုပန်ထွာတို့မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့မိသားစုလေးမှာ ချစ်ရတဲ့သားလေးတစ်ယောက်လည်းရှိပြီး ပိုပြီးပြည့်စုံတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ သားလေးကလည်း ဖေဖေမေမေတို့အချစ်တွေသာမက ပရိသတ်အချစ်တွေကိုပါသိမ်းပိုက်ထားတာပါ။
သားလေးရဲ့ ပုံရိပ်လေးတွေ video လေးတွေ ကိုလည်းလူမှုကွန်ရက်ကနေ တင်ပေးလေ့ရှိပြီး ပရိသတ်တွေကချစ်မဝဖြစ်နေရတာပါ။ သားလေးနဲ့အဖေဖြစ်သူတို့နှစ်ယောက်ဟာလည်းပုံစံတူတာကြောင့်သူတို့သားဖနှစ်ယောက်ကို ကြည့်ပြီးပိုချစ်နေရတာပါ။ ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူကလည်းပရိသတ်တွေနဲ့ရင်းနှီးသူတစ်ယောက်ဖြစ်ပြီး အမြဲစနောက်လေ့ရှိတာပါ။
ခုမှာလည်း ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူကလည်း လူမှုကွန်ရက်ကနေ ဆုပန်ထွာကိုစနောက်လိုက်တာပါ။ နှလုံးသားကို အလိုလိုက်ခဲ့မိလို့ မိန်းမရခဲ့တာမိန်းမရခဲ့လို့ ကလေးထိန်းနေရတာ..ဒါတွေရဲ့ အဓိကအကြောင်းအရင်းကစော်ကြည်လို့… စော်ကြည်တာ ရုပ်ချောလို့…ဘဝသံသရာဆိုလားတရားတွေလည်းရပါတယ် ဆိုပြီးစနောက်ထားတာဖြစ်ပါတယ်။