အခုလိုအချိန်မှာ ဟိုပြေးဒီပြေးဖြစ်နေလို့ အလှူလှူချင်တာတောင် အကြွေးနဲ့လှူထားရတယ်ဆိုတဲ့ ပိုင်ဖြိုးသု
ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက် မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်သူလေး ဖြစ်ပါတယ်.
ခုချိန်မှာ ပြည်သူ့အစိုးရဖြစ်တဲ့ CRPH အတွက် ပြည်သူတိုင်းက တတ်နိုင်သလောက်အလှူငွေ ထည့်နေကြတာဖြစ်ပြီး ပိုင်ဖြိုးသုတို့ကလည်း ထည့်ဝင်လှူဒါန်းချင်ပေမဲ့ ဖြစ်နေတဲ့အခက်အခဲကို သူမရဲ့လှူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထား ခဲ့တာ ဖြစ်ပါတယ်။အခုချိန်မှာ ကိုယ်တွေလည်းဟိုပြေးဒီပြေးနဲ့မို့ Visa Card မပြောနဲ့ Mobile banking
တောင်သုံးဖို့အခက်အခဲတွေနဲ့ဆိုသော်ငြားလည်း Federal Army ဖြစ်မြောက်ရေးအတွက် CRPH ကိုလှူချင်လွန်းလို့ UK ကအဒေါ်ကိုလှမ်းပြီး$500ဖိုးသမီးအစားလှူပေးပါလို့ ပြောပြီး အကြွေးနဲ့လှူထား တယ် …(အဒေါ်ခမျာScreenshotတွေဘာတွေတောင်မလုပ်တတ်လို့ကိုယ်သင်ပေးလိုက်မှသူ့ဘဏ်ကဖြတ်သွားတဲ့
statementလေးကိုပဲလှမ်းပို့ပေးရှာတယ် ကိုယ်တွေကအဲ့လိုတစ်မျိုးလုံးတစ်ဆွေလုံး tech wizတွေ)နိုင်ငံခြားကမြန်မာတွေ လှူပေးတာကပိုအဆင်ပြေမယ်ထင်တယ် ဒီမှာကလူတိုင်းမှာ Visa cardမရှိကြဘူ းဆိုတော့လေ (သုသုနဲ့ကိုဏကြီးဆိုနှစ်ယောက်ပေါင်းမှတစ်ကဒ်ပဲရှိတာ)
သူငယ်ချင်းတွေလှူကြတာလည်း နည်းနည်းခက်တဲ့လူအတွက်ခက်တယ် တချို့ကျတော့လည်းလျှောလျှောလျူလျူပဲလှူလို့ရတယ်ပြောတယ်…နည်းနည်းခက်လည်း ဝိုင်းကြိုးစားပေးကြပါနော်…လှူလို့ရတဲ့ linkကဒီမှာပါဆိုပြီးရေးတင်ထား ခဲ့တာ ဖြစ်ပါတယ်။
Zawgyi
အခုလိုအခ်ိန္မွာ ဟိုေျပးဒီေျပးျဖစ္ေနလို႔ အလႉလႉခ်င္တာေတာင္ အေႂကြးနဲ႔လႉထားရတယ္ဆိုတဲ့ ပိုင္ၿဖိဳးသု
ဒါ႐ိုက္တာဏႀကီးနဲ႔ ပိုင္ၿဖိဳးသုတို႔ ဇနီးေမာင္ႏွံေတာ့ လက္ရွိမွာျမန္မာျပည္မွာျဖစ္ေနတဲ့အေရးေတြေၾကာင့္ ဖမ္းဝရံထုတ္ခံထားရေပမဲ့လည္း ဇြဲမေလွ်ာ့ဘဲ အၿမဲတမ္းတက္ႂကြစြာပါဝင္ေပးေနဆဲ ျဖစ္ပါတယ္။ အြန္လိုင္းေပၚမွာလည္း ေဝဖန္ခံရမႈေတြတစ္ခ်ိဳ႕ရွိခဲ့ေပမဲ့ ေနာက္ မဆုတ္ဘဲ ရဲရဲဝင့္ဝင့္ရွိေနေပးလို႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္သူေလး ျဖစ္ပါတယ္.
ခုခ်ိန္မွာ ျပည္သူ႔အစိုးရျဖစ္တဲ့ CRPH အတြက္ ျပည္သူတိုင္းက တတ္ႏိုင္သေလာက္အလႉေငြ ထည့္ေနၾကတာျဖစ္ၿပီး ပိုင္ၿဖိဳးသုတို႔ကလည္း ထည့္ဝင္လႉဒါန္းခ်င္ေပမဲ့ ျဖစ္ေနတဲ့အခက္အခဲကို သူမရဲ႕လႉမႈကြန္ယက္စာမ်က္ႏွာထက္မွာ တင္ထား ခဲ့တာ ျဖစ္ပါတယ္။အခုခ်ိန္မွာ ကိုယ္ေတြလည္းဟိုေျပးဒီေျပးနဲ႔မို႔ Visa Card မေျပာနဲ႔ Mobile banking
ေတာင္သုံးဖို႔အခက္အခဲေတြနဲ႔ဆိုေသာ္ျငားလည္း Federal Army ျဖစ္ေျမာက္ေရးအတြက္ CRPH ကိုလႉခ်င္လြန္းလို႔ UK ကအေဒၚကိုလွမ္းၿပီး$500ဖိုးသမီးအစားလႉေပးပါလို႔ ေျပာၿပီး အေႂကြးနဲ႔လႉထား တယ္ …(အေဒၚခမ်ာScreenshotေတြဘာေတြေတာင္မလုပ္တတ္လို႔ကိုယ္သင္ေပးလိုက္မွသူ႔ဘဏ္ကျဖတ္သြားတဲ့
statementေလးကိုပဲလွမ္းပို႔ေပးရွာတယ္ ကိုယ္ေတြကအဲ့လိုတစ္မ်ိဳးလုံးတစ္ေဆြလုံး tech wizေတြ)ႏိုင္ငံျခားကျမန္မာေတြ လႉေပးတာကပိုအဆင္ေျပမယ္ထင္တယ္ ဒီမွာကလူတိုင္းမွာ Visa cardမရွိၾကဘူ းဆိုေတာ့ေလ (သုသုနဲ႔ကိုဏႀကီးဆိုႏွစ္ေယာက္ေပါင္းမွတစ္ကဒ္ပဲရွိတာ)
သူငယ္ခ်င္းေတြလႉၾကတာလည္း နည္းနည္းခက္တဲ့လူအတြက္ခက္တယ္ တခ်ိဳ႕က်ေတာ့လည္းေလွ်ာေလွ်ာလ်ဴလ်ဴပဲလႉလို႔ရတယ္ေျပာတယ္…နည္းနည္းခက္လည္း ဝိုင္းႀကိဳးစားေပးၾကပါေနာ္…လႉလို႔ရတဲ့ linkကဒီမွာပါဆိုၿပီးေရးတင္ထား ခဲ့တာ ျဖစ္ပါတယ္။