သူမကို သမီးအရင်းတစ်ယောက်လိုသဘောထားပြီး ချစ်ခင်ပေးတဲ့ ယောက္ခမရဲ့ကောင်းကွက်တွေကို တစ်ချက်ချင်းစီပြောပြလာတဲ့ ခင်လွှမ်း

ပျော်ရွှင်စရာကောင်းတဲ့မိသားစုပုံရိပ်လေးတွေကြောင့် ပရိသတ်တွေအားကျကြည်နူးနေရတာက ခင်လွှမ်းတို့မိသားစုလေးပဲဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းရဲ့ချစ်ခင်မှုတွေအပြင် စည်ဖြိုးတို့မိသားစုရဲအချစ်တွေကိုပါ ရရှိထားတာပါ။ ခုမှာဆိုလည်းချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုဖြတ်သန်းနေတာပါ။

မိန်းကလေးတိုင်းအားကျနေရတဲ့သူတစ်ယောက်ဖြစ်ပြီး စည်ဖြိုးမိခင်တွေကလည်း ချွေးမလေးကိုချီးကျူးနေရတာပါ။ မကြာခင်ကလည်း စည်ဖြိုးအဖေနဲ့အမေဟာ ခင်လွှမ်းအတွက် surprise လက်ဆောင်လေးတွေကြောင့် ပရိသတ်တွေကြည်နူးခဲ့ရတာပါ။ ခုမှာလည်း စည်ဖြိုးအမေရဲ့မွေးနေ့လေးကို ဆုတောင်းပေးထားတာပါ။

Happy Birthday ချစ်ရသော မေကြီး ဒီနေ့ဒီအချိန်ထိ သမီးအရင်းတစ်ယောက်လို ချစ်ပေး ကူညီပေး ပံ့ပိုးပေး စောင့်ရှောက်ပေးခဲ့တာတေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ချွေးမတစ်ယောက်လိုသာမကသမီးတစ်ယောက်လိုပါ တစ်သက်လုံး ပြုစုစောင့်ရှောက် ကျေးဇူးဆပ်သွားပါမယ် မေကြီးရေ။မေကြီးလည်း ဘုန်းကြီးလို့ အသက်ရှည်ပြီး မေကြီးချစ်သောမိသားစုနဲ့အတူ ဘာသာ သာသနာအရေးတေကို ဆထက်တပိုး တိုးပြီး လှူနိုင်တန်းနိုင် ပေးနိုင်ကမ်းနိုင်သော သာသနာ့မိခင်ကြီးအဖြစ် ရာသက်ပန် ထမ်းရွက်သွားနိုင်ပါစေရှင် ဆိုပြီးသူတို့မိသားစုလေးရဲ့မွေးနေ့အလှုပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *