ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးမှာ ဘဝရဲ့ကြည်နူးစရာတွေကိုဖြတ်သန်းနေကတော့ အောင်လနဲ့ဝိုင်းစုခိုင်သိန်းတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ချစ်ပြီး အမြဲစနောက်ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကြောင့်လည်းပရိသတ်တွေအားကျနေရတာပါ။သူတို့နှစ်ယောက်လုံးဟာလည်းနိုင်ငံကျော်နှစ်ယောက်ဖြစ်ပြီးယနေ့အချိန်ထိအားပေးမှုတွေတစ်ခဲနက်ရရှိထားတာပါ။
သူတို့နှစ်ယောက်ဟာလက်တလောမှာအနုပညာအလုပ်တွေနားထားပြီး မုန့်လေးတွေလုပ်ရောင်းနေတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်းလက်မလည်အောင်အားပေးနေတာပါ။သူတို့ရဲ့လှုပ်ရှားမှုပုံရိပ်တိုင်းကိုလည်းပရိသတ်တွေနဲ့မဝေးစေဖို့လူမှုကွန်ရက်ကနေအမြဲတင်ပေးလေ့ရှိပါတယ်။
ခုမှာလည်းပရိသတ်တွေကိုသီချင်းလေးတွေနဲ့အိမ်မှာနေရင်းဖျော်ဖြေလိုက်တာပါ။ နှစ်ယောက်သားလိုက်ဖက်ညီညီနဲ့ပျော်ရွှင်နေတဲ့ပုံရိပ်လေးကကြည့်ရတဲ့ပရိသတ်တွေကိုကြည်နူးစေမှာပါ။ပရိသတ်တွေလည်းအပျော်တွေကူးစက်စေဖို့သူတို့ရဲ့video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။