မြန်မာသံဇဥ်တေးသွားလေးတွေနဲ့ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားတာကတော့ ရွှေရည်သိန်းတန်ပဲဖြစ်ပါတယ်။ သူမကတော့ နိုင်ငံကျော် အဆိုတော် တွံတေးသိန်းတန်ရဲ့သမီးလေးပဲဖြစ်ပါတယ်။ သူကတော့အဖေရဲ့အနုပညာသွေးတွေနဲ့ ပါရမီရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
သူမကတော့ လူမှုကွန်ရက်ကနေ ပုံရိပ်လေးတွေတင်ပေးလေ့ရှိပါတယ်။ ဒါကြောင့်လည်း အနုပညာလောကမှာ ပရိသတ်အားပေးမှုတွေရရှိလာကာအောင်မြင်မှုတွေရရှိနေတာပါ။ ခုမှာ တော့သူမကြုံတွေ့ခဲ့တဲ့အရာတစ်ခုကို လူမှုကွန်ရက်မှာမျှဝေထားတာပါ။
မွေးနေ့ကိစ္စအလုပ်များနေလို့မပြောသေးတာ..၃လလုံး..တစ်ယူနစ်..တစ်ကျပ်မှမလွဲအောင်မီးသုံးနိုင်တာ..ကျွန်မကပဲအရမ်းတော်နေလား..ရှင်တို့ကပဲတန်ခိုးရှိနေတာလား..ဦးနှောက်ပါရင်စဥ်းစား…ဆိုပြီးတင်ထားခဲ့တာပါ။ သူမရဲ့မီတာစာရွက်တွေကလည်း အကုန်တူတူပဲထွက်လာခဲ့တာပါ။ ပရိသတ်တွေလည်းအောက်ကပုံရိပ်တွေကြည့်ပြီးဝေဖန်သုံးသပ်ပေးကြပါဦးခင်ဗျ။