အနုပညာရှင်အချို့ ဈေးသည်ဖြစ်သွားကြတာကို တိုက်ခိုက်နေတဲ့ အမျိုးသမီးတစ်ဦးအား စကားတစ်ခွန်းဖြင့် ပြန်လည်ချေပလိုက်တဲ့ ချောရတနာ

တစ်ချိန်တစ်ခါက ဗီဒီယိုလောကမှာ ချစ်စရာပုံရိပ်လေးတွေကြောင့် ချစ်ခင်မှုတွေရရှိထားတာကတော့ ချောရတနာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းမှုတွေကြောင့်ယနေ့အချိန်ထိကိုပရိသတ်တွေချစ်မဝဖြစ်နေရပြီးအားပေးနေရတုန်းပါ။ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် လူမှုကွန်ရက်ကနေတော့ပရိသတ်နဲ့မပြတ်ရှိနေတာပါ။


ခုမှာတော့ ညကဖြစ်ခဲ့တဲ့ မေပန်းချီကိုစော်ကားတဲ့စကားတွေနဲ့အတူအနုပညာသမားတွေကိုပါနှိမ့်ချခဲ့တဲ့သူတစ်ယောက်ကို ချောရတာနာကလည်း ပညာသားပါပါနဲ့အနုပညာသမားတွေဘက်ကရပ်တည်လိုက်တာပါ။ Ethic ဆိုတာဘာလဲဘာလဲမသိတဲ့လူတွေက social media ကိုအသုံးချပြီးသူတစ်ပါးကိုယ်ကျင့်သိက္ခာဘဝရပ်တည်နေတဲ့ career တွေကိုထိပါးပြောဆိုနေကြတယ်။လူတစ်ဦးတစ်ယောက်တိုင်းမှာ value ဆိုတာရှိတယ် သူဌးကြီးကစလို့ သန့်ရှင်းရေးသမားအထိတန်ဖိုးကိုယ်ဆီရှိတယ်သူဌေးအလုပ်သန့်ရှင်းရေးသမားမလုပ်နိုင်သလိုသန့်ရှင်းရေးသမားအလုပ်လည်းသူဌေးမလုပ်နိုင်ပါဘူး။

ပညာဘယ်လောက်တက်တက်ပိုက်ဆံဘယ်လောက်ချမ်းသာချမ်းသာ respect each other ဆိုတာမရှိရင်ဒီလူဟာအောက်တန်းစားပဲလူတိုင်းလည်းမွေးကတည်းက ဘယ်သူမှမတော်ကြပါဘူး။ IQ ဘယ်လောက်ကောင်းကောင်း ဘယ်သူမှအလိုလိုသိမနေပါဘူး။လေ့လာသင်ယူရတယ်ဒီလိုပဲအပြောင်းလဲကာလမှာအနုပညာသမားတွေလဲလေ့လာသင်ယူရင်းအသက်မွေးဝမ်းကြောင်းတစ်ခုပေါ်လျှောက်လှမ်းနေကြရတာပါပင်လယ်ရေတစ်ယောက်တည်းသောက်လို့မကုန်ပါဘူး။ဒီကာလစီးပွား​ရေးအခြေအနေအရလူတိုင်း career ပြောင်းနေရပါတယ် အင်ဂျင်နီယာတောင်ဝက်သားတုတ်ထိုးရောင်းပြီးသူ့ career change သေးတာပဲ။

မင်းသမီးတွေသမာအာဇီဝ Live sale ရောင်းတာအပြစ်မဖြစ်လောက်ပါဘူးနော်။ဘဝအတွက်ရိုးသားစွာရှာဖွေလုပ်ကိုင်စားသောက်နေသူများအားလုံးကိုလေးစားပါတယ်။အပြုသဘောဆောင်ရေးသားထားခြင်းဖြစ်သောကြောင့် Be positive think ဆိုပြီးရေးသားလိုက်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *