မနေ့ညက Live Sale မှာ သိန်းထောင်ချီရောင်းချခဲ့တဲ့အတွက် ဆိုင်ရှင်မှပေးသောလက်ဆောင်တွေကို ထုတ်ကြွားလိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

Live Sale လေးတွေတိုင်းမှာ ပရိသတ်အားပေးမှုတွေအပြည့်နဲ့အောင်မြင်မှုတွေရနေတာကတော့ နှိုင်းယှဥ်မြင့်မိုရ်ပဲဖြစ်ပါတယ်။ သူမကတော့ Live Sale တွေနဲ့အောင်မြင်မှုရရှိနေတာဖြစ်ပြီး တစ်နေ့ကပဲ မနာလိုသူတစ်ချို့ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမကိုစိန်ရွှေရတနာဆိုင်တွေက Live Saleလေးတွေ ကိုရောင်းချခိုင်းနေတုန်းပါ။

ညကlive လေးမှာလည်း သိန်းထောင်ချီရောင်းချခံရတာကြောင့် သူမကိုအလုပ်အပ်တဲ့ရတနာရွှေဆိုင်က လက်ဆောင်ပေးပါချီးမြှင့်ခဲ့တာပါ။ ညက သိန်းဌက်သုံးကောင် စိနိရွှေရတနာဆိုင်ကို သိန်း– ထောင်ကျော်ရောင်းပေးခဲ့တဲ့အပြင် ညကနေခုချိန်ထိ CB တွေထဲမှာ ညကပြခဲ့တဲ့ပစ္စည်းတွေကို အဆက်မပြတ် ပြန်ပြပေးပြီး ဆက်တိုက်ရောင်းနေရတုန်းမို့ သိန်းဌက်သုံးကောင်ရဲ့ ဆိုင်ရှင်က ဒီနေ့မနက်မှာ နှိုင်းရှင် မြတ်နိုးတဲ့ မြန်မာပြည်မြေပုံစိန်နားကပ်လေးတစ်ရံနဲ့ နှိုင်းရှင်ကြိုက်တဲ့ ဟော့ပေါ့တွေကို အိမ်ကိုပို့ပေးလိုက်လို့ သိန်းဌက် သုံးကောင်မိသားစုကို အရမ်းကျေးဇူးတင်ပါတယ်။

သိနိးဌက်သုံးကောင်မိသားစုကလည်း အလုပ်ကိုအလုပ်နဲ့တူအောင် တချက်မှ မနားပဲ အချိန်နဲ့ကွက်တိအလုပ်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်တဲ့….ဟုတ်ကဲ့ ဆိုင်ရှင်တွေဆီက အခကြေးငွေယူပီး အချိန်နဲ့အလုပ်လုပ်ရတာမို့ အချိန်ကိုသိပ်တန်ဖိုးထားပါတယ်ရှင်။

ခုံမှာထိုင်ကင်မရာချိန်ပီး Live စပီဆိုတာနဲ့ ကျွန်မရဲ့အချိန်တွေကို ဆိုင်ရှင်ကဝယ်ထားတာလို့ ကျွန်မယူဆထားလို့ အဲ့အချိန်ဟာ ဆိုင်ရှင်အတွက် အားကုန်အလုပ်လုပ်ပေးပီး တကယ်ဝယ်တဲ့ကာစတန်မာများနဲ့ ဝန်းရံပေးကြတဲ့တစ်ယောက်ချင်းဆီတိုင်းဟာ ကျွန်မကျေးဇူးရှင်များလို့သတ်မှတ်ပီး service အပြည့်ပေးအလုပ်လုပ်ပါတယ်ရှင်။ဒါကြောင့် Live တိုင်း live တိုင်းမှာ အချိနိတစ်မိနစ်စီတိုင်းဟာ ကျွန်မအတွက် ကျွန်မကိုဌားတဲ့လုပ်ငန်းရှင်တွေအတွက် ကာစတန်မာတွေအတွက်တကယ်ကိုအရေးကြီးလို့ နာမည်မခေါ်ပေးနိုင်တဲ့အခါ အလာပသလာပတွေ မပြောဖြစ်ခဲ့တာနားလည်ပေးကြပါနော်။

မနေ့ညက မဝယ်လိုက်ရတဲ့ ကာစတန်မာတွေ ဒီနေ့ညကျွန်မတို့ချစ်ရတဲ့ ညမလေး မေပန်းချီက သိန်းဌက်သုံးကောင်မှာ ညနက်အထိ ဆက်လက်ရောင်းချပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါနော် ဆိုပြီးလူမှုကွန်ရက်လေးကနေရေးသားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *