နိုင်ငံခြားကိုရောက်နေပေမယ့် မြန်မာနိုင်ငံရဲ့ အရေးကို တတ်နိုင်တဲ့ဘက်ကနေ Voice out လုပ်ပေးသွားမယ့်လို့ပြောလာတဲ့ မေမြတ်နိုး

နိုင်ငံခြားကိုရောက်နေပေမယ့် မြန်မာနိုင်ငံရဲ့ အရေးကို တတ်နိုင်တဲ့ဘက်ကနေ Voice out လုပ်ပေးသွားမယ့်လို့ပြောလာတဲ့ မေမြတ်နိုး

မော်ဒယ် မေမြတ်နိုး ကတော့ မြန်မာနိုင်ငံတွင် သာမကဘဲ ပြည်ပ နိုင်ငံများက ပရိသတ်တွေ ရဲ့ တစ်ခဲနက် ထောက်ခံ အားပေးမှု တွေကို ရရှိ ပိုင်ဆိုင် ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ မေမြတ်နိုး ကတော့ ဖေဖော်ဝါရီလ အစကတည်း မှ စတင်ကာ ယနေ့ ချိန်ထိ လူထု လှုပ်ရှားမှု များတွင် တက်ကြွစွာ ပါဝင်နေ တာလည်း ဖြစ်ပါတယ်။ ပြည်သူ လူထု နဲ့အတူ ယုံကြည်ရာ ပန်းတိုင် ကို လျှောက်လှမ်း နေသူ ဖြစ်တာကြောင့် အားလုံးက သူမ ရဲ့ စိတ်ထား လေးကို လေးစား နေကြတာပါ။

မေမြတ်နိုးကတော့ လတ်တလော မှာတော့ အလုပ် ကိစ္စ နဲ့ မီလန် နိုင်ငံ သို့ ရောက်ရှိ နေတာပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေ တွေမှာ ပြည်ပ နိုင်ငံ သို့ ရောက် ရှိနေ ပေမယ့် လည်း မြန်မာနိုင်ငံ တွင် အချိန် နှင့် အမျှ ဖြစ်ပေါ် နေတဲ့ ကိစ္စ ရပ်များ ကိုလည်း Voice out လုပ်ပေးမယ့် အကြောင်းအား မကြာ သေးခင် နာရီပိုင်း လောက်က မေမြတ်နိုး ရဲ့ လူမှုကွန်ယက် စာမျက်နှာ မှာ ရေးသား ထားတာပဲ ဖြစ်ပါတယ်။

” မေ Maybies တို့ကို အ သိပေးစရာ ရှိလို့ပါမေ December က စာချုပ် ချုပ်ပြီးသား ဖြစ်တဲ့ Wonderwall Milan Model Agency မှာ modelling အလုပ်လုပ်ဖို့ Milan ကိုရောက် ရှိနေပါတယ် အခုလို အလုပ် နဲ့ အခြား နိုင်ငံရောက်နေပေ မယ့်လည်း အာဏာရှင် တွေ မြန်မာနိုင်ငံ ပြည်သူ ပြည်သားတွေ ကို အနိုင်ကျင့် သတ်ဖြတ် နေတာ ကို international မှာရော ပြည်တွင်း အတွက်ပါ voice out လုပ်ပြီး မေ တတ်နိုင်တဲ့ ဘက်က နေ ဆက်လက် လုပ်ဆောင် သွားမှာပါ

အရေးတော်ပုံ အောင်ရ မည်💪” ဆိုပြီး သူမလုပ်ဆောင် သွားမယ့် အရာတွေအား ရေးသား ဝေမျှပေးထားတာ ကြောင့် ပရိသတ်တွေ လည်း သိရှိ နိုင်စေရန် ဒီသတင်းလေး ကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ်နော်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *