ရေမွန်ရဲ့ညီမဖြစ်သူနဲ့ ကတောက်ကဆဖြစ်ခဲ့ရတဲ့ အကြောင်းရင်းစုံကို လူသိရှင်ကြားထုတ်ဖော်ပြောပြလာတဲ့ အောင်လ

Rock သီချင်းတွေနဲ့အတူလူငယ်ပရိသတ်တွေအားပေးမှုအပြည့်ရထားတာကတော့အောင်လပဲဖြစ်ပါတယ်။ သူကတော့ နာမည်ကျော်အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့လည်းပျော်ရွှင်စရာအိမ်ထောင်ရှင်ဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့လက်ရှိအချိန်အနုပညာအလုပ်တွေနားထားပြီး ဟင်းလေးတွေချက်ရောင်းနေတာဖြစ်ပါတယ်။

သူတို့ဟာ ဘဝကိုမှန်ကန်စွာနဲ့ရိုးရှင်းစွာဖြတ်သန်းနေသူတွေပဲဖြစ်ပါတယ်။ မကြာသေးခင်အချိန်ကလည်း လူမှုကွန်ရက်မှာ သူငယ်ချင်းဖြစ်သူရေမွန်နဲ့ပတ်သက်ပြီး ရေမွန်မိခင်ညီမဖြစ်သူနဲ့ကတောက်ကစဖြစ်ခဲ့သေးတာပါ။ ခုမှာတော့အောင်လဟာ လူမှုကွန်ရက်ကနေ ဖြေရှင်းသွားခဲ့တာပါ။

ညီမလေး ရဲ့ဒေါသ မောဟ တွေက အခုအချိန် ဘယ်လောက်စိုးမိုးနေလည်း မသိရပေမယ့် အတွင်းသိလူတွေကတော့သိတယ် ငါ့ညီမ။“နင်နဲ့ငါနဲ့ “ ပဲပြောပြော ဘယ်လောက်ပဲဆဲဆဲ အကိုတို့ကတော့ အေးဆေးပဲ…ပိုက်ဆံကိစ္စက ညီမတို့ နဲ့ပဲဆိုင်တာပါ။ဘယ်သူမှ လာမလုပါဘူး။စိတ်ချပါ။ အကိုတို့က အဲ့ပိုက်ဆံကို စိတ်ကိုမဝင်စားတာ

Band ကိုပေးရပါတယ်ဆိုတဲ့ စကားကြောင့် အကိုတို့တွေမခံနိုင်ဖြစ်ကြတာ…ဒါပါပဲ….ညီမလေးတို့ အဆင် ပြေပါစေ…ဘိုစောကိုတော့ထာဝရချစ်နေဆဲပဲ…ဆိုပြီးရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published.