မုန်တိုင်းသတင်းအား သူမရဲ့Facebook အကောင့်တွင် ဝေမျှပေးခဲ့တဲ့အတွက် အကြီးအကျယ် ဝေဖန်ခံနေရတဲ့ နေမျိုးအောင်ရဲ့ဇနီး

သန္တာမျိုးမြင့်အောင်ဆိုတာနဲ့ အာဗြဲစိန်လို့လူသိများတဲ့ နေမျိုးအောင်ရဲ့အမျိုးသမီးလေးဖြစ်ပါတယ်။ သူမကတော့ ဟင်းချက်နည်းလေးတွေကို လူမှုကွန်ရက်ကနေသင်ပေးနေရာကနေပရိသတ်အားပေးမှုတွေရရှိလာတာပါ။ ခုနောက်ပိုင်းမှာတော့ လူမှုကွန်ရက်ကနေ live လေးတွေလွှင့်စျေးရောင်းနေတာဖြစ်ပါတယ်။

သူမရဲ့ Live တိုင်းကလည်း အောင်မြင်ပြီးပရိသတ်အားပေးမှုကိုရရှိထားတာပါ။ ဒါကြောင့်လည်းမနာလိုသူတွေရဲ့ တိုက်ခိုက်မှုကိုလည်းခံကတာဖြစ်ပါတယ်။ ခုမှာတော့ သူမပတ်ဝန်းကျင်လေ့လာမှုအားနည်းတာနဲ့ပတ်သတ်ပြီး ပရိသတ်တွေကိုပြန်ရှင်းပြထားတာပါ။

သူမကတော့ မိုးလေဝသတင်းတစ်ခုကို share တာကနေ ပရိသတ်တစ်ယောက်ရဲ့အားမပေးတော့တဲ့စာလေးမြင်ပြီးသိရှိခဲ့တာပါ။ တစ်နေ့က မိုးလေဝသသတင်းတစ်ခုတက်လာတော့အများသိအောင်ရှဲလိုက်တာပေါ့ အာ့နဲ့အကိုတစ်ယောက်ကမူရင်းပို့စ်ကိုပဲရှဲပါဆိုပြီးလာရေးတယ် ဟင်ဘာလို့လည်းမသိဘူးတော့ဆိုပြီးနေရော အမတစ်ယောက်ကလည်း ထာဝရအားမပေးတော့ဘူးတဲ့ ဟယ်တော့ပေါ့ဘာလည်းပေါ့နော် နောက်တော့မှအမလေးနော်ငါဆိုသည်မှာပတ်ဝန်းကျင်လေ့လာမှုအတော်အားနည်းပါတယ်ရှင့် ဆိုပြီးရှင်းပြသွားခဲ့တာပါ။ ပရိသတ်တွေလည်း သူမသိလိုက်တဲ့အမှားလေးကိုနားလည်းပြီး အရင်လိုချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.