မြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေထဲမှာမှ ဇေကမ္ဘာခင်ရွှေလို့ပြောတာနဲ့ မသိသူမရှိပဲဖြစ်ပါတယ်။ သူကတော့ ဇေကမ္ဘာဆိုတဲ့သူရဲ့ပိုင်ဆိုင်မှုတွေကမနည်းမနောပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံးသော နိုင်ငံတစ်ကာအဆင့်မှီ ရှေးဟောင်းပြတိုက်ကြီးကိုလည်းတည်ဆောက်နေတာဖြစ်ပါတယ်။
ခုမှာတော့ ဇေကမ္ဘာခင်ရွှေနဲ့အတူ သူရဲ့သားဖြစ်သူ ဇေသီဟကိုတော့ မနေ့ညကထိန်းသိမ်းခံရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါသတင်းဟာဖြစ်ဖြစ်ချင်းမှာ သိပ်မသိကြသေးပေမယ့်ခုမှာတော့ပိုသိလာကြတာပါ။ သူတို့ဟာ လူတကာသိတဲ့ ခရိုနီတွေဖြစ်တာကြောင့်ပရိသတ်တွေစိတ်ဝင်စားနေကြတာပါ။
နောက်ပိုင်းမှာတော့ သူဖွင့်ဖို့စီစဥ်နေတဲ့ ပြတိုက်ကိစ္စနဲ့ပတ်သတ်ပြီးထိန်းသိမ်းခံထားရတယ်ဆိုပြီးသတင်းတွေထွက်လာတာပါ။ သူတို့ကိုတော့မနေ့ညကတည်းက ဗဟန်း ရဲစခန်းမှာထိန်းသိမ်းခံရတာပါ။ ဖမ်းဝရမ်းနဲ့လာတာဖြစ်ပြီး ဘာကြောင့်ခဏထိန်းသိမ်းထားလဲဆိုတာကတော့အောက်က အမှုတွဲလေးတွေကိုကြည့်သွားပေးကြပါဦးနော်။