အနုပညာကြေးကို အောက်ဈေးပေးပြီးဌားခဲ့တဲ့ ဒါရိုက်တာတစ်ဦးအား ထိမိပြောင်မြောက်လွန်းတဲ့ စကားတစ်ခွန်းဖြင့် ချေပလိုက်တဲ့ ရဲလေးမ

ဇာတ်ကားလေးတွေတိုင်းမှာ ဇာတ်ပို့ဇာတ်ရံနေရာကနေ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေအောင်အမြဲပါဝင်သရုပ်ဆောင်နေတာကတော့ရဲလေးမပဲဖြစ်ပါတယ်။ သူ့ရဲ့အနုပညာအပေါ်ထားရှိတဲ့မေတ္တာတွေကြောင့်လည်း ပရိသတ်တွေအားပေးလက်ခံလာတာဖြစ်ပါတယ်။ ခုလိုအနုပညာအလုပ်တွေနားထားချိန်မှာတော့သူဟာ မုန့်ဟင်းခါးလေးချက်ပြီး စားဝတ်နေရေးအတွက်ရောင်းချပေးနေတာပါ။

သူဟာ ဝမ်းရေးအတွက်စျေးရောင်းတဲ့အလုပ်လေးနဲ့ဝမ်းစာရှာနေပေမယ့်အနုပညာအပေါ်တော့သံယောဇဥ်တွေရှိနေတုန်းဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်ပို့ဇာတ်ရံတွေဆိုစျေးနှိမ်တက်လေ့ရှိတဲ့ အယူအဆတွေကြောင့်သူမကိုကမ်းလှမ်းမှုရှိပေမယ့်ငြင်းခဲ့ရကြောင်းခုလိုပြောကြားခဲ့တာပါ။ အိုက်တင်သမားကအိုက်တင်ပဲလုပ်ချင်တာပါမဖြစ်သာလို့အရမ်းချစ်တဲ့အနပညာအလုပ်ကိုခဏရှောင်ပြီးဝမ်းရေးအတွက်အစဉ်ပြေရာရှာစားနေရတာပါလာကမ်းလှမ်လို့အရမ်းပျော်မိ့တယ်။

ဒါရိုက်တာကိုယ်တိုင်လှမ်းချိတ်တော့အတိုင်းမသိ့ဝမ်းသာခဲ့ရတယ်အနုပညာကျေးကိုလည်းအများကြီးမတောင်းခဲ့ဘူးယူသင့်တာထက်ဈေးကိုအနိမ့်ဆုံးတောင်းခဲ့ပါတယ်ဒါကလည်းကိုယ့်ဈေးကိုမတောင်ခဲ့တာသရုပ်ဆောင်ပြချင်တဲ့အနုပညာချစ်တဲ့စိတ်တစ်ခု့ပါ။

ဒါပေမယ့်မထင်မှတ်တဲ့အနုပညာကြေးကိုသတ်မှတ်ပေးလို့မရိုက်ခဲ့ရပါဘူးအဝတ်အစားကဇာတ်လမ်တွဲဆိုတော့အများကြီးဝယ်ရမယ်ရူတင်ကိုသွားရမယ့်ကားခအခုဆိုဆီဈေးတက်တော့ကားခတေကမိုးပေါ်မှာသူတို့ပေးတဲ့ဈေးကအောက်ဆုံးကအဆင့်ဖူန်မူန့်ဈေးပေးပြီးသတ်မှတ်ကြတယ်ဘယ်လိုမှမဖြစ်သာလို့လတ်မခံခဲ့ရဘူးနှမျောတာပေါ့။ဒါပေမယ့်‌မရိုက်ဘူးဈေးပဲရောင်းစားမယ်သူ့ထက်မကရတယ်အဲ့မာနလေးထားခဲ့ပါတယ်။ပြောချင်တာအခု့အချိန်အားလုံးဒုက္ခရောက်နေတဲ့အချိန်မကူညီကြဘူးမပံ့ပိုးကြဘူးအနုပညာသည်အချင်းချင်းငါတို့ပေးတာနဲ့သူတို့ရိုက်ကြမှာတွေးပြီးသူတို့နှိမ်ချကြတော့မရိုက်ခဲ့ပါဘူး။ချစ်သာပရိတ်သက်တေအတွက်ဖန်သားပြင်မှာအနုပညာချပြချင်ပေမယ့်ဝေးခဲ့ရတယ်ရဲလေးမငွေမချမ်းသာပါဘူးအနုပညာမာနတော့အပြည့်ထားလိုက်ပါတယ်အာ့တော့ချမ်းသာခဲ့တယ်မရိုက်ပဲအနိုင်ပိုင်းခဲ့ပေမယ့်ချစ်တဲ့ပရိတ်သတ်အတွက်အမြဲကျိုးစားတင်ဆတ်ပါ့မယ်။အချိန်အခါလေးတစ်ခု့တော့ရောက်လာမှာပါခေါ်ပေးတဲ့ဒါရိုက်တာကိုလည်းအားနာပါတယ်လို့ကျနော့်တို့ဘဝကိုသူလည်နားလည်မှာပါလို့တွေးရင်းအနုပညာစိတ်မကုနါသေးတဲ့ဈေးသည်ရဲလေးမလေးကိုနားလည်ချစ်ပေးပါအုံးလို့ပြောတာပါနော်ဆိုပြီးသူ့ခံစားချက်လေးကိုရေးသားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *