မတရားမှုကိုတော်လှန်ရင်းနဲ့ အဆုံးထိရဲရင့်တဲ့စိတ်တွေရှိနေတာကတော့ ပရိသတ်အချစ်တော်ချစ်သုဝေပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သမီးလေးတွေအပါအဝင် သူတို့တစ်မိသားစုလုံးဟာလွတ်မြောက်နယ်မြေတစ်ခုမှာပုန်းရှောင်နေရတာပါ။ အခက်ခဲတွေရှိပေမယ့်လည်း အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနေတာပါ။
ဒီတော်လှန်ရေးကြီးဟာ အချိန်တွေကြာလာပေမယ့် မတရားတာကိုလက်မခံတက်တဲ့သူတို့မိသားစုစိတ်ဓာတ်လေးကချီးကျူးစရာပါ။ အရင်လိုသမီးလေးတွေပုံရိပ် video လေးတွေတင်ပေးလေ့သိပ်မရှိပေမယ့်လူမှူကွန်ရက်ကနေတော့တစ်ခါတရံစာလေးတွေပုံလေးတွေတင်ပေးလေ့ရှိတာပါ။ ခုမှာလည်း သူမကြုံတွေ့ခဲ့ရတဲ့ facebookသုံးနေတဲ့အခြေနေကိုပြောပြခဲ့တာပါ။
Macrame Projectတွေမရှိရင် fbကိုမသုံးချင်ဘူး…ကမ္ဘာနှစ်ခြမ်းကွဲနေတာကြီးရော ကိုယ်ချစ်ခင်ခဲ့ရသူတွေရဲ့စာနာစိတ် အတိမ်အနက်တွေရော တစ်ကယ်ကိုဘာမှမသိချင်တော့တာမျိုးဆိုပြီးရေးသားထားခဲ့တာပါ။ သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်း သူမကိုအမြဲချစ်ပြီးစိတ်ပူနေရတာဖြစ်တာကြောင့် အားပေးစကားလေးတွေပြောပေးကြပါဦးနော်။