လူတိုင်းလိုလို သိချင်နေကြတဲ့ သူမချစ်သူရဲ့မျက်နှာလေးကို လူသိရှင်ကြားထုတ်ပြလိုက်တဲ့ မြတ်သူသူ

MRTV-4 ဇာတ်လမ်းတွဲလေးတွေကနေပရိသတ်အချစ်တွေကိုသိမ်းပိုက်ထားနိုင်တာကတော့ မြတ်သူသူပဲဖြစ်ပါတယ်။ သူမကတော့ ဇာတ်လမ်းတွဲလေးတွေကနေပရိသတ်အားပေးမှုတွေရရှိလာတာပါ။ သူမကိုချစ်တဲ့ပရိသတ်တွေကိုလည်းအမြဲဂရုစိုက်တက်တာကြောင့်အချစ်တွေပိုနေရတာပါ။

သူမဟာ နောက်ပိုင်းမှာ အားပေးသူပရိသတ်တွေများစွာနဲ့အောင်မြင်သူတစ်ယောက်ဖြစ်လာတာကြောင့် မနာလိုသူတွေရဲ့တိုက်ခိုက်မှုတွေကိုလည်းကြုံတွေ့နေရတာပါ။ မကြာသေးခင်ကလည်း သူမနဲ့သူမချစ်သူတို့ကို တိုက်ခိုက်မှုတွေခံရတာကြောင့် တရားဝင် relationship ချပြခဲ့သေးတာဖြစ်ပါတယ်။ အဲ့ကိစ္စတွေပြီးမကြာခင်ခုမှာလည်း လူမှုကွန်ရက်ကနေပြီး ဆက်တိုက်ခိုက်သူတွေသိအောင်ပြောပြခဲ့တာပါ။

ကဲ အခုတော့ အကောင့်အစစ်နဲ့ RS လည်း ချိတ်ပြီးပြီ Lock လည်းဖွင့်ပေးလိုက်ပြီ မြတ်သူတို့လည်း အေးဆေးနေပါရစေတော့နော်။အားလုံးစိတ်တိုင်းကျလုပ်ပေးပြီးပြီမို့ မြတ်သူတို့လည်း အေးချမ်းချင်ပြီမို့ပါနော် Plz ။ခေတ်ကာလမကောင်းတာမို့ ခုလိုကိစ္စတွေလည်း ထပ်မတင်ချင်တော့လို့ နားလည်ပေးကြပါနော် Plz Page အတုပေါင်းစုံက ခေါင်းစဉ်တွေရေးချင်သလိုရေးပြီးတင်တာတွေလည်း ကြောက်လို့ပါ။ အနုပညာအလုပ်လုပ်မိလို့ ကိုယ့်ထမင်းကိုယ်စား ကြောက်နေရတဲ့ဘဝမို့ပါ ဆိုပြီးဖြေရှင်းထားခဲ့တာပါ။

Leave a Reply

Your email address will not be published.