သမီးကြီးနဲ့ပတ်သက်ပြီး မျက်ရည်တွေခမ်းခြောက်သွားရတဲ့အထိ ငိုကြွေးနေရတဲ့ အကြောင်းရင်းကို ရင်ဖွင့်လာတဲ့ ချမ်းချမ်း

ချစ်စရာသမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ချမ်းချမ်းပဲဲဖြစ်ပါတယ်။ သူမကတော့လက်ရှိအီတလီနိုင်ငံမှာ နေထိုင်နေတာဖြစ်ပါတယ်။ နိုင်ငံခြားမှာနေထိုင်ပေမယ့်လူမှုကွန်ရက်ကနေ သူမရဲ့ပုံရိပ်လေးတွေသမီးလေးပုံရိပ်လေးတွေတင်ပေးပြီး ပရိသတ်နဲ့မဝေးပဲရှိနေသူတစ်ယောက်ပါ။

သူမဟာပုံရိပ်လေးတွေထဲမှာတော့အမြဲပျော်ရွှင်နေပေမယ့် ပရိသတ်တွေမမြင်နိုင်တဲ့စိတ်မကောင်းစရာတွေလည်းရှိနေတာပါ။ ခုမှာတော့သူမရဲ့မွန်းကျပ်မှုတွေကိုလျော့ချရင်း ခုလိုပဲရင်ဖွင့်သွားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ !!!!အရာရာကိုလွှတ်ချလိုက်တဲ့နေ့အချိန်မကျသေးလို့ ရောက်မလာနိုင်သေးတဲ့အရာတွေအပေါ်မျှော်လင့်ခြင်းကြီးစွာနဲ့ တစ်နှစ်နည်းပါးကြိုးစားခဲ့တယ်ဘာမှ အရာမထင်ခဲ့ဘူးအခုသိလိုက်ပီ

လက်လျော့လိုက်တာတော့မဟုတ်ဘူး အချိန်တစ်ခုကိုကျမစောင့်ရမယ် ကြိုးစားပေမဲ့ အချိန်မကျသေးရင်လဲ မရသေးပြန်ဘူး။လောကကြီးကဆန်းကြယ်တယ်အရာရာကိုတရားသဘောနဲ့ပဲမှတ်လိုက်ပါတယ် ဖြေသာပါတယ်အခုကစလို့ကျမစိတ်ပင်ပန်းမခံတော့ဘူး။လုပ်စရာရှိတာလုပ်မယ်ကံပါရင်ပြန်ဆုံမှာပဲ

အခြေနေအရပ်ရပ်ကို အတွင်းကျကျမသိပဲ ခနဲ လိုက် သွေးထိုးလိုက် ဝေဖန်လိုက် လုပ်နေတဲ့သူတွေကိုလဲ ကျမ ဖြေရှငိးမနေတော့ဘူးအခုကစလို့ ပြောချင်ရာသာပြောနိုင်ပါတယ် ပြန်မတုန့်ပြန်ဖြေရှင်းမနေတော့ပါမိခင်တိုင်းဟာ သားသမီးအတွက်အကောင်းဆုံးကိုပဲပေးချင်ကြတာပါဒါကိုမိခင်တိုင်းသိပါတယ်။ကံမကုန်သေးရင်ပြန်ဆုံကြတာပေါ့နော်

ကျမမှာဘာမှထပ်ဆုံးရှုံးစရာ မရှိတော့ပါဘူး။အားလုံးကို သတိရတယ်ကျမကိုယ်တိုင်လဲကျနေလို့မရဘူးသမီးလေးတွေအတွက် နေရောင်သာမယ့်နေ့စောင့်နေပါတယ်။ငိုနေရတဲ့အချိန်တွေမရှိချင်တော့ဘူး။ကျမ အမြဲပြုံးထားပေမဲ့တခါတလေ ငို ခွင့်ပေးပါ လောကကြီးရယ် ပင် ပန်းလှပါပီဆိုပြီးရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published.