ငယ်စဥ်ကလေးကယနေ့အချိန်ထိပရိသတ်တွေအမြဲချစ်ပြီး အားပေးနေရတာကတော့ Liam လေးပဲဖြစ်ပါတယ်။ Liam လေးဟာ ယွန်းဝဒီလွင်မိုးရဲ့သားလေးဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်လွင်မိုးရဲ့ မြေးဦးလေးလည်းဖြစ်ပါတယ်။ မြေးဦးလေးဖြစ်တာကြောင့်လည်းဖိုးဖိုးဖွားဖွားတီတီတွေနဲ့အချစ်တော်ဖြစ်နေရတာပါ။
Liam လေးရဲ့ဖေဖေနဲ့မေမေတို့ဟာ နိုင်ငံခြားမှာကျောင်းတက်နေတာဖြစ်တာကြောင့် Liam လေးကိုဖိုးဖိုးဖွားဖွားတွေဆီမှာထားခဲ့တာဖြစ်ပါတယ်။ ဖိုးဖိုးဖွားဖွားတွေကလည်း Liam လေးရဲ့ပုံရိပ်လေး video လေးတွေကို fb gpလေးတစ်ခုထောင်ပြီးတင်ပေးလေ့ရှိတာပါ။ အဲ့gp လေးမှာတော့ liam ကိုချစ်တဲ့ပရိသတ်တွေကအများအပြားပဲဖြစ်ပါတယ်။
ခုမှာလည်း Liam လေးဟာတီတီနဲ့ ပန်းချီလေးဆွဲပြီးကစားနေတာဖြစ်ပါတယ်။ ဖိုးဖိုးကိုသွားပြလိုက်တီတီနဲ့တူတူ ပုံဆွဲလိုက်နဲ့ပျော်မြူးနေတာလေးကလည်းချစ်ဖို့ကောင်းနေတာပါ။ ငယ်ငယ်ကတည်းကချစ်မဝဖြစ်နေရတဲ့ liam လေးခုပုံဆွဲရင်းဆော့နေတဲ့ video လေးကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။