တစ်နာရီအတွင်း သိန်း(၇၀၀၀)ကျော်ဖိုး မြေကွက်တွေ ဝက်ဝက်ကွဲရောင်းချနိုင်ခဲ့တဲ့ ချစ်ဇနီးရဲ့ကံဇာတာကို အံ့ဩနေတဲ့ နေမျိုးအောင်

ဟင်းလေးတွေချက်ပြပြီးလူမှုကွန်ရက်ကနေ တင်ပေးနေရာမှတဖြည်းဖြည်းနဲ့ပရိသတ်တွေအားပေးမှုတွေရရှိလာတာကတော့ အာဗြဲစိန်လို့လူသိများတဲ့ သန္တာနေမျိုးအောင်ပဲဖြစ်ပါတယ်။ သူမကတော့ နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့နေမျိုးအောင်ရဲ့ အမျိုးသမီးလည်းဖြစ်ပါတယ်။ သူမကတော့ ခုချိန်မှာအားပေးတဲ့ပရိသတ်များစွာရရှိနေပြီးအောင်မြင်နေတာပါ။

ခုနောက်ပိုင်းမှာတော့ ဟင်းချက်နည်းvideo လေးတွေတင်တာနည်းသွားပြီး Live Saleလေးတွေရောင်းချနေရတာပါ။ သူ့ရဲ့ live sale လေးတွေကလည်း အားပေးသူများစွာရှိတာကြောင့် သူမကို live saleလေးတွေမှာရောင်းချပေးဖို့အများအပြားကမ်းလှမ်းခံနေရတာပါ။ ဒါကြောင့် သူမlive saleတွေများလာခဲ့ပြီး အောင်မြင်မှုတွေလည်းများစွာရရှိလာတာပါ။

ခုမှာလည်း သူမရဲ့ Live Saleတစ်ခုကနေသိန်းပေါင်းများစွာရောင်းချနိုင်ခဲ့တဲ့အကြောင်းလေးကိုပြောကြားခဲ့တာပါ။ BKK Silk and Laceဆိုတဲ့ pageလေးကနေ ဘန်ကောက် ကlive saleလေးရောင်းချခဲ့တာဖြစ်ပြီး တစ်နာရီအတွင်း သိန်း၇ထောင်ကျော်ဖိုးရောင်းချလိုက်ရတာဖြစ်ပါတယ်။ တစ်နာရီအတွင်းသိန်း၇ထောင်ဆိုတဲ့ရောင်းအားဟာ အများအပြားဖြစ်တာကြောင့်ပရိသတ်တွေလည်းသူ့အတွက်ဂုဏ်ပြုပေးလိုက်ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *