ပထမဆုံးအကြိမ် သံပုရာသီးစစားတဲ့ သမီးလေးဖြစ်သွားတဲ့ အမူအရာလေးကို အသေးစိတ်ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားတဲ့ ချမ်းချမ်း

ချစ်စရာကောင်းတဲ့သမီးလေးရဲ့video လေးတွေတင်ပေးလေ့ရှိနေတာကတော့ ချမ်းချမ်းပဲဖြစ်ပါတယ်။ သူမကတော့နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်သည့်အပြင် ပရိသတ်တွေရဲ့အချစ်တွေပါရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာ သမီးလေးကိုအချိန်ပေးရင်းပျော်ရွှင်စရာမိသားစုဘဝလေးကိုဖြတ်သန်းနေတာပါ။

သမီး​လေးဟာ ငယ်ရွယ်ချိန်ကတည်းကနိုင်ငံခြားမှာမွေးဖွားခဲ့တာကြောင့် မြန်မာစကားလေးတွေကိုလည်းပြောတက်အောင်ချမ်းချမ်းကသင်ပေးနေတာပါ။ ငယ်စဥ်ကတည်းက သမီးလေးသိသင့်တာတွေကိုလည်းဘေးကနေအချိန်ပေးပြုစုပျိုးထောင်နေတာပါ။ ဒါကြောင့်လည်းသူတို့မိသားစုပုံရိပ်လေးတွေကြည့်တိုင်းကြည်နူးနေရတာပါ။

ခုမှာလည်း သမီးလေးကိုပထမဆုံး အချဥ်လေးစကျွေးတာဖြစ်ပါတယ်။ သံပုရာသီးလေးကိုချဥ်ပေမယ့်အပြုံးမပြတ်ကိုစားနေနိုင်တာပါ။ ပထမဆုံးအကြိမ်သံပရာသီး စ စားတာ အပြုံးမပျက် အချဉ်ကြိုက်သော မေ့မေ့သမီး အစစ် ဆိုပြီးသမီးလေးရဲ့ချစ်စရာvideo လေးကိုလည်းပရိသတ်တွေကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *