သမီးလေး မွေးပြီးပြီးချင်း ဆေးရုံကနေ အိမ်သို့ပြန်ခေါ်လာတဲ့ အမှတ်တရတွေများစွာရှိသော ဗီဒီယိုဖိုင်လေးကို ဝေမျှလာတဲ့ နန်းမြတ်ဖြိုးသင်း

ခင်ပွန်းဖြစ်သူဆုံးပါးသွားပေမယ့်ကျန်ခဲ့တဲ့သားသားမီးမီးလေးအတွက် အခက်ခဲတွေကိုအကောင်းဆုံးရင်ဆိုင်ကာ မိခင်ဘဝကိုဖြတ်သန်းနေတာကတော့ နန်းမြတ်ဖြိုးသင်းပဲ​ဖြစ်ပါတယ်။ တစ်ချိန်ကပရိသတ်တိုင်းအားကျရတဲ့ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ခဲ့တာပါ။ ခုထိလည်းနန်းမြတ်ဖြိုးသင်းကိုပရိသတ်တွေကအားပေးစကားတွေနဲ့ချစ်နေကြတုန်းဖြစ်ပါတယ်။

သားလေးရဲ့ vlog videoလေးတွေ သမီးလေးရဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီး ဝိုင်းချစ်နေရတာပါ။ သူမကတော့အခက်ခဲတွေရှိတိုင်းသားလေးသမီးလေးကိုကြည့်ပြီးပြန်အားတွေမွေးရင်းဘဝကိုကြိုးစားရုန်းကန်နေရတာပါ။ ခုမှာလည်း ဘဝမှာအခက်ခဲတွေကြုံလာတိုင်းသူအရင်ကvideo လေးတွေကြည့်ပြီးအားမွေးနေရတာပါ။

ခုမှာလည်း သမီး​လေးမွေးဖွားပြီးချင်းအိမ်ကိုပြန်တဲ့video လေးကိုတင်ထားတာပါ။ သားလေးကလည်း ညီမလေးအိမ်ကိုရောက်ရောက်ခြင်း ပျော်နေတဲ့သူတို့ရဲ့တစ်ချိန်ကမိသားစုဘဝလေးက စိတ်ထဲကိုအေးချမ်းစေတာပါ။ အရင်ကပျော်စရာအချိန်လေးတွေဂျူးလေးကိုဆေးရုံကနေပထမဆုံးအိမ်ပြန်ခေါ်လာတဲ့ဗီဒီယိုလေးဘယ်သူမှမတွေ့ဖူးသေးလို့တင်လိုက်တာပါဂျက်လေးကိုသူ့ညီမလေးရောက်လာတာဟာသူ့အတွက်ပျော်စရာအဖြစ်အပျက်တခု၊လက်ဆောင်တခုရောက်လာသလိုသဘောထားနိုင်အောင်လင်မယားနှစ်ယောက်စီစဉ်ပေးခဲ့ကြတာ စိတ်ညစ်စရာတွေနဲ့ကြုံရတိုင်း တချိန်ကငါပျော်ခဲ့ဖူးတယ်ဆိုတဲ့blessingကိုပဲစဉ်းစားတယ်ဆိုပြီးသူ့ခံစားချက်လေးနဲ့အတူ videoလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.