တော်လှန်ရေးကာလအတွင်း ချစ်ဇနီးလေးရဲ့ရဲရင့်သတ္တိရှိမှုများအား တစ်ချက်ချင်းစီပြောပြလာခဲ့တဲ့ ကိုပေါက်

နှစ်ပေါင်းများစွာကတည်းကအနုပညာအလုပ်တွေနဲ့ယနေ့အချိန်ထိအောင်မြင်မှုတွေရရှိနေတာကတော့ ကိုပေါက်ပဲဖြစ်ပါတယ်။ သူကတော့အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာ ကျဥ်လည်ခဲ့ပြီးအောင်မြင်မှုတွေနဲ့အတူပရိသတ်အားပေးမှုတွေကိုပါရရှိထားတာပါ။နောက်ပိုင်းမှာတော့ ဒါရိုက်တာအလုပ်တွေပါလုပ်လာပြီးပရိသတ်တွေလည်းအားပေးခဲ့ကြတာပါ။

လူမှုကွန်ရက်မှာလည်းသူတို့မိသားစုရဲ့video လေးကိုကြည့်ပြီးပရိသတ်တွေရယ်မောရင်းနဲ့ ချစ်နေကြတာပါ။ တစ်ချိန်ကသူတို့မိသားစု live လေးတွေ Tiltokလေးတွေကြည့်ပြီးရယ်မောနေရတဲ့ပရိသတ်တွေဟာခုမှာတော့ သူတို့ရဲ့ဟာသလေးတွေကိုကြည့်ဖို့စောင့်မျှော်နေရတာပါ။ သူကတော့ နိုင်ငံရေးကိစ္စတွေနဲ့မိသားစုကိုစွန့်ခွာထွက်ပြေးရင်း ဒီနေ့ကျရောက်တဲ့သူ့ရဲ့ချစ်ဇနီးလေးမွေးနေ့လေးမှာလည်းအဝေးကနေသာဆုတောင်းပေးခဲ့ရတာပါ။

မွေးနေမှာ အသက်ရှည်အောင် ကျန်းမာအောင်နေပေးခဲ့တဲ့အတွက်ကျေးဇူးပါချစ်သူ…မွေးနေ့မှာ ကျန်းမာပါစေ…ကျနော် ဒီတော်လှန်ရေးခရီး ဒီအချိန်အထိ မှန်မှန်လျှောက်နိုင်ဖို့ဆိုတာ ကျနော်ချစ်ရတဲ့ သူ့ရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်တွေသာမရှိခဲ့ရင် သူများတွေလိုခံဝန်ထိုးပြီး ဖာသိဖာသာ နေဖြစ်နေမလား ကျနော်မသိပါဘူး။

သူက မိန်မသားဆိုတော့ တစ်ခါတစ်ခါ သိမ်ငယ်တတ်တယ်၊အားငယ်တတ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ စိတ်ဓာတ်တွေ က ကျောက်ဆောင်တစ်ခုလို ခိုင်မာပြီးဒီတော်လှန်ရေးအတွက်တော့ ကျနော့ရဲ့ အမာခံ နောက်တန်းခံစစ်မှူး ဖြစ်ခဲ့တယ်။အနုပညာရှင်တော်လှန်ရေးသမားတွေရဲ့ ဇနီးတွေထဲမှာစစ်ကောင်စီနဲ့ပျူစောထီးတွေကသေနတ်နဲ့လာပြီး ပစ်ခံရတာ ဒါရိုက်တာကိုပေါက် မိန်းမနဲ့ကျနော့သား၂ယောက်ပဲရှိပါတယ်။သူတို့တွေသာ အိမ်အပြင် ခြံထဲမှာသာ ရှိနေခဲ့ရင် ကျနော့မိသားစုဘဝက မတွေးဝံ့စရာပါ။အခုကျနော်တို့မိသားစု ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့ရှာဖွေစုဆောင်းခဲ့တဲ့ အိမ်ကို ချိတ်ပိတ်ခဲ့လို့ ပြန်စရာအိမ်လည်းမရှိတော့ဘူး။သားငယ်လေးက တစ်ခါတစ်ခါမေးတယ်။ဒီအချိန်ကာလကြီးက ဘယ်တော့ပြီးမှာလဲ ပါပါး တဲ့။

သားငယ်လေး မေးခွန်းအတွက်ကျနော့ရင်ဘတ်တွေ နာကျင်ရပါတယ်။ကျနော်မောင်းတဲ့ကားကိုစီးပြီးသူတို့က သူတို့က ရှုတင်ကိုလိုက်ချင်တာတဲ့လေ။ဘယ်တော့ပြီးမယ်မှန်း မသိတဲ့တော်လှန်ရေးအတွက်ကျနော်ဖြေစရာစကားက တစ်နေ့ဖြစ်လာမှာပေါ့ သားရယ်လို့ပဲဖြေခဲ့ရတယ်။ကျနော်ချစ်ရတဲ့သား၂ယောက်ကို ကျန်းမာအောင် အသက်ရှင်အောင် ပြုစုပေးရတာ ဒီခေတ်ကြီးမှာ ကျနော်ချစ်ရတဲ့ ဇနီးအတွက် အများကြီး ခက်ခဲပါတယ်။ကျနော် သူ့ကိုချစ်တယ်။ကျနော် သူ့ကိုကျေးဇူးတင်တယ်။ဒီတော်လှန်ရေးခရီးကို ကျနော်တို့မိသားစု ရဲရဲရင့်ရင့် ဆက်လျှောက်ပါအုံးမယ် ဆိုပြီးဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.