ချစ်သူသက်တမ်း(၄)နှစ်ကျော် အေးအတူပူအမျှ လက်တွဲလာတဲ့ သူမရဲ့သူငယ်လေးအား လူသိရှင်ကြားထုတ်ပြလိုက်တဲ့ သုသု

မိတ်ကပ်လောကမှာ ညီညီမောင်စမ်းချောင်းဆိုတာနဲ့မသိသူမရှိလောက်အောင် နာမည်ကျော်ကြားသူတစ်ယောက်ပဲ​​ဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေကြောင့်လည်း ရုပ်ရှင်ဇာတ်ကားကြီးအထိရိုက်ကူးရတဲ့အအောင်မြင်ဆုံး Celeတစ်ဦးဖြစ်ပါတယ်။ မိတ်ကပ်လောကမှလည်း သူ့ကိုအားကိုးနေရတဲ့အနုပညာရှင်များစွာလည်းရှိနေတာပါ။

ညီညီမောင်ဟာ ပရိသတ်တွေကိုလည်းအမြဲပျော်ရွှင်စရာတွေဖန်တီးပေးနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ အမြဲရီစရာ ပုံရိပ်လေးတွေ ဟာသ video လေးတွေကိုအမြဲလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိတာပါ။ ဒါကြောင့်လည်းသူ့ရဲ့ video လေးတွေကြည့်ပြီး အမြဲချစ်မဝ​ဖြစ်နေရတာပါ။

အချစ်ရေးနဲ့ပတ်သတ်လို့လည်းထုတ်ပြောလေ့မရှိပေမယ့်ခုမှာတော့ပရိသတ်တွေကို Surprise တိုက်ချလိုက်တာပါ။ သူ့ရဲ့လူမှုကွန်ရက်မှာ Relationship ချိတ်လိုက်တာ​ဖြစ်ပြီး Happy 4Years Anniversary ပါကိုကိုဆိုပြီးရေးထားတာပါ။ သူ့ကောင်လေးဘယ်သူလဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *