အပျော်အပါးလုံးဝမမက်ဘဲ ဇနီးနဲ့သမီးဖြစ်သူကိုသာ ဘဝတစ်ခုလုံးပုံအပ်ထားတဲ့ ခင်ပွန်းဖြစ်သူကြောင့် ဝမ်းသာပီတိဖြစ်နေရတဲ့ ချမ်းချမ်း

ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့အဆိုတော်ချမ်းချမ်းပဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့နိုင်ငံမှာ မိသားစုလိုက်အတူနေထိုင်နေတာပါ။ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် စစ်အာဏာရှင်စနစ်ကိုတော်လှန်မှုတွေကြောင့် မြန်မာနိုင်ငံကပိုင်ဆိုင်မှုတွေလည်းထိန်းသိမ်းခံထားရတာပါ။

ဒါပေမယ့်လည်း တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေပြီး မိသားစုနဲ့လည်းပျော်ရွှင်စရာအချိန်တွေဖြတ်သန်းနေတာပါ။ သမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေ video လေးတွေကိုလည်း လူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေကလည်းသမီးလေးvideo လေးကိုကြည့်ပြီးချစ်နေရတာပါ။

ဒါကြောင့်လည်း နိုင်ငံခြားမှာနေပေမယ့် ပရိသတ်နဲ့မပြတ်ရှိနေတာပါ။ ခုမှာလည်း အလုပ်ပိတ်ရက်လေးတိုင်း သမီးလေးကိုအမြဲအချိန်ပေးဆော့ပေးတဲ့ ဖေဖေနဲ့သမီးလေးတို့video လေးကိုတင်ထားတာပါ။ ပရိသတ်တွေလည်းသူတို့မိသားစုလေးဘယ်လောက်ပျော်ရွှင်စရာကောင်းလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *