တစ်ချိန်က ဗီဒီယိုဇာတ်ကားလေးတွေကနေ ပရိသတ်အားပေးမှုတွေယနေ့ထိရထားတာကတော့ သိဂီထွန်းပဲဖြစ်ပါတယ်။ သူကတော့ ယခုချိန်ထိတိုင် MRTV-4 ဇာတ်လမ်းတွဲလေးတွေတိုင်းမှာပါဝင် သရုပ်ဆောင်နေရတုန်းဖြစ်ပါတယ်။ ယနေထိလည်း သူမကိုချစ်ခင်အားပေးနေကြတုန်းဖြစ်ပါတယ်။
သူမကတော့လူမှုကွန်ရက်လေးကနေလည်းပရိသတ်တွေအတွက်ပုံရိပ်လေးတွေကြုံတွေ့ခဲ့ရတဲ့အခက်ခဲလေးတွေအမြဲတင်ပေးလေ့ရှိတာပါ။ ဒါကြောင့်လည်းပရိသတ်တွေနဲ့မဝေးပဲအမြဲရှိနေရတာပါ။ ခုမှာလည်း အမြန်လမ်းမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်လေးကိုပရိသတ်တွေအတွက်ဝေမျှထားခဲ့တာပါ။
ခရီးသွားမိတ်ဆွေတို့ရေသတိပြုကြနော်..ကျွန်မသည်အစိုးရအရပ်ရပ်ကချမှတ်သောစည်းကမ်းလိုက်နာသူပါ.ကျွန်မဟာအောက်ကျို့မခံလိုသူဖားယားမနေတတ်သူမို့ဥပဒေစည်းမျဉ်းတွေကိုကြောက်လွန်းလို့အမြဲလေ့လာပြီးဥပဒေနဲ့ကင်းလွတ်အောင်နေထိုင်သူသူများပြောဆိုကဲ့ရဲ့အထင်မြင်သေးအောင်လဲမနေတတ်သူ.ကိုယ့်အစွမ်းစနဲ့စီးပွါးလုပ်ငန်းလေးတွေနဲ့မှန်ကန်စွာရပ်တည်သူယခုခေတ်ကာလကျွန်မခရီးအမြဲထွက်နေရသူမို့.ဆီသက်သာအောင်ကားကြီးတွေကိုသိမ်းထားပြီးကားငယ်လေးတွေနဲ့အသုံးပြုချွေတာနေတာပါပိုလာသမျှငွေများကို လှူဒါန်းကူညီနေသူပါ.နော်။
ရန်ကုန်အိမ်ကကားငယ်လေး၂စီးပြင်ဦးလွင်ကိုမောင်းလာရင်းကျွန်မကရှေ့သွားဖို့ကျော်တက်ရင်းကီလို100က116ဖြစ်သွားလို့..တခဏတွင်းဖြစ်တာကဖြစ်သွားပြီမို့ အဖမ်းခံရတဲ့ဖြစ်စဥ်လေးပါ.ဖြေရှင်းလို့မရတဲ့အနေထားကိုဖြေရှင်းနေလို့အချိန်နှမြောလို့..အပြစ်ဒဏ်ခံယူတယ်.သိန်းတစ်ရာဆိုလဲပေးရမှာဘဲလေ..စည်းကမ်းဖောက်ဖျက်တယ်လို့တော့မစွတ်စွဲနဲ့ ကားဆိုတာသတိအသိနဲ့အနေအထားသုံးသပ်ပြီးမောင်းရတဲ့စက်ပစ္စည်းပါရွှေကိုရွေးနဲ့ချိန်သလိုတိကျလို့ဖြစ်နိုင်မလားရှင့်.ဘယ်သူမှအသက်မသေချင်ကားအက်စီးဒင့်မဖြစ်ချင် ဒဏ််ကြေးသိန်းကျော်ကိုလဲဘယ်သူမှပေးချင်မှာမဟုတ်လို့ စည်းကမ်းအတိုင်းရှောင်တိမ်းကျော်ဖြတ်ပြီးသွားလာကြမှာပါပဲ တစ်လမ်းလုံး (သို့)တစ်မိုင်လောက်လေးကိုဖြစ်ဖြစ်ကီလို100ကျော်ဆက်တိုက်မောင်းနေရင်တော့ စည်းကမ်းဖောက်သူမို့အရေးယူတာကိုလက်ခံတယ်..ကားကြီးတွေနဲ့နှစ်ပေါင်းဆယ်ချီ ကျွန်မရဲ့ပြင်ဦးလွင်နဲ့ရန်ကုန်အိမ်သွားနေတာကားငယ်နဲ့မှအရေးယူခံရတာ စိတ်ထဲတော့ရယ်ချင်နေမိတယ်.သိက္ခာကျတယ်။
ကျွန်မတို့ကဒဏ်ကြေးပေးနိုင်ပေမဲ့ ဘေးမှာအဖမ်းခံရသူတွေ.ဒဏ်ကြေးတစ်သိန်းတရားရုံးသွားအမူရင်ဆိုင်ဖို့စရိတ်၂သောင်း ဆီဖိုးထမင်းဖိုးလမ်းအသုံးပြုခအခွန်ခ.တွေနဲ့စားဖို့အနိုင်နိုင်မိသားစုရပ်တည်ဖို့တစ်အိမ်လုံးမှာတောင်ငွေတစ်သိန်းမရှိသူဒရိုင်ဘာတွေငွေမရှိလို့သောကရောက်နေသူတွေကိုစိတ်မကောင်းစွာတွေ့ခဲ့ရတယ်ကျွန်မတို့ပြည်သူတွေအသက်သေမှာစိုးရိမ်လို့ စည်းကမ်းထုတ်ပေးထားတာပေါ့လေကျေနပ်မိပါတယ်.ဘယ်သူမှကိုယ့်ကိုကိုယ်မသေချင်ကြပါဘူးဒီလိုဥပဒေကိုတိတိကျကျကျင့်သုံးပေးတဲ့အတိုင်းဒီထက်ပိုအရေးပါမဲ့
သူများခိုးလို့လိမ်လို့သတ်လို့ဓားပြတိုက်လို့သေကြေဆုံးရှုံးကြတာတွေကိုလဲတိတိကျကျဖမ်းဆီးအရေးယူပေးရင်တော့ကောင်းမှာဘဲနော်.မေမြို့မှာအချက်ချာကျတဲ့နေရာကကျွန်မအိမ်၄လုံး၃လုံးကိုလူလစ်တာနဲ့အိမ်ခြံကျော်တက်ပြီးတံခါးတွေဖျက် ပစ္စည်းတွေရတနာတွေခိုးးယူခံရ လှူထားတဲ့ဆိုင်ကယ်တွေကို.အုပ်စုဖွဲ့ယူသွားတာခံခဲ့ရတာတွေကို ကြုံခဲ့ရတာတွေပြန်ရတယ်ကိုမရှိ.ဘူး။
အဲ့လိုအဓိကအရေးပါတဲ့ဒုစရိုက်တွေကိုအရေးယူဖမ်းဆီးနှိမ်နင်းနိုင်ရင်သိပ်ကောင်းမှာဘဲ.ပစ္စည်းလဲပါတဲ့အပြင်ပျက်စီးသွားတာတွေပြင်ရတာတောင်သိန်းဆယ်ချီတယ်..နေရာတိုင်းမှာကြုံတွေ့ရင်ဆိုင်ခံရသူတွေမလုံခြုံတဲ့ရပ်တည်မူနဲ့ဒုက္ခကအများကြီးပါ.ကျွန်မတို့ပြည်သူတွေဘယ်လိုရင်ဆိုင်ကြုံတွေ့နေရလဲ လျော့ပေါ့သင့်တဲ့အရာတွေလျော့ပေါ့ပေးနိုင်ပြီးဥပဒေတိုင်းကလဲဥပဒေတိုင်းသာကျင့်သုံးမူဖြစ်နေမယ်ဆိုရင်တော့လဲကျေနပ်ရမှာပါ..ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။