သူတို့ရဲ့ မင်္ဂလာဦးအခန်းလေးကို အမိုက်စားပုံစံလေးဖြစ်အောင် ကိုယ်တိုင်မွမ်းမံပြင်ဆင်နေကြတဲ့ စိန်ဖြိုးလှိုင်တို့ဇနီးမောင်နှံရဲ့ဗီဒီယိုဖိုင်

တစ်ယောက်ကိုတစ်ယောက်စနောက်ရင်းပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာကတော့ စိန်ဖြိုးနဲ့ရီတို့ဇနီးမောင်နှံလေးပဲဖြစ်ပါတယ်။ သူတို့ဟာ ရီစရာ video လေးတွေနဲ့ပရိသတ်တွေသိလာပြီးနောက်ပိုင်းအားပေးမှုတွေများစွာရရှိလာတာပါ။ သူတို့နှစ်ယောက်ကိုကြည့်ပြီးလည်းပရိသတ်တွေကြည်နူးနေရတာဖြစ်ပါတယ်။

ပရိသတ်တွေကို အမြဲလိုလိုတစ်ယောက်ကိုတစ်ယောက်အငိုက်ဖမ်းကာစနောက်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အားပေးမှုအများဆုံးနဲ့အားအကျရဆုံးအတွဲလေးဖြစ်ပါတယ်။ video လေးတွေအမြဲတင်ပေးလေ့ရှိတဲ့သူတို့ဟာ ခုမှာတော့အကျိုးရှိစေမယ့် video လေးတစ်ခုနဲ့ပရိသတ်တွေကိုတင်ဆက်ပေးလိုက်တာပါ။

အိပ်ခန်းလေးကို ပိုက်ဆံတွေလည်းအများကြီးမသုံးဘဲ Luxury ပုံစံလေးလည်းပေါက်သွားအောင် ကိုယ့်ဖာသာ DIY လေးလုပ်ပြီးပြင်ထားတယ်…DIY လုပ်ချင်တဲ့ ဝါသနာတူလေးတွေရှိရင် သိချင်တာမေးခဲ့လို့ရပါတယ်…ဆိုပြီးvideo လေးကိုတင်ထားတာပါ။ ဘယ်လိုတောင် Luxury ဆန်ဆန်အခန်းလေးသူတို့ဘယ်လိုကြိုးစားထားလဲဆိုတာကတော့အောက်က video လေးကိုကြည့်ပြီးသိချင်တာလေးတွေကိုလည်းမေးလိုက်ကြပါဦးနော်။

Leave a Reply

Your email address will not be published.