မင်းမော်ကွန်းဆိုတာနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့်ဆယ်စုနှစ်များစွာအောင်မြင်မှုတွေရရှိနေတဲ့မင်းသားတစ်ယောက်ပါ။ ဒီတော်လှန်ရေးလေးမှာလည်း ပြည်သူနဲ့အတူလက်တွဲပြီး အာဏာရှင်စနစ်ကိုတော်လှန်နေတာပါ။ အခက်ခဲတွေများစွာကြုံတွေ့နေရပေမယ့် မာကျောတဲ့စိတ်ဓာတ်တွေနဲ့ယခုထိတော်လှန်နေတုန်းဖြစ်ပါတယ်။
မင်းမော်ကွန်းဟာ မိသားစုလိုက် လွတ်မြောက်နယ်မြေမှာ ခိုလှုံရင်းနဲ့တော်လှန်နေတာဖြစ်ပါတယ်။ ကလေးတွေလည်းပါတာကြောင့်ခက်ခဲမှုတွေကြုံတွေ့ရပေမယ့် မိသားစုလိုက်တော်လှန်တဲ့စိတ်ဓာတ်လေးကတော့ချီးကျူးစရာပါ။ ကလေးတွေငယ်ပေမယ့် မတရားမှုကိုဆို မိသားစုလိုက်တော်လှန်နေတာပါ။
ဒီနေ့ကတော့မင်းမော်ကွန်းရဲ့သားအငယ်ဆုံးမွေးနေ့လေးဖြစ်ပါတယ်။ သားလေးရဲ့မွေးနေ့လေးကိုတော့ ထိုင်းမှာနေထိုင်တဲ့ သမီးလေးက မောင်လေးဖြစ်သူရဲ့မွေးနေ့လေးကိုဆုတောင်ပေး ထားတာပါ။ ပရိသတ်တွေလည်းသားငယ်လေးရဲ့မွေးနေ့လေးကိုဆုတောင်းစကားလေးတွေပြောရင်းနဲ့ သားငယ်လေးရဲ့ပုံရိပ်လေးကိုအလွမ်းပြေတင်ဆက်ပေးလိုက်ရပါတယ်။