စိတ်ဒဏ်ရာတွေ သက်သာလာပြီးနောက် ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ သူမရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကို ပြသလာတဲ့ မေတိုးခိုင်ရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် မေတိုးခိုင်ကတော့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ဘဲ မိသားစုနဲ့သာ အချိန်ပေးနေထိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်စေဖို့ Vlog ဗီဒီယိုလေးတွေကို သူမရဲ့ YouTube Channel မှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ သူမရဲ့ဗီဒီယိုလေးတွေမှာ အပြုံးလေးတွေ ပျောက်ဆုံးနေတဲ့အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ မေတိုးခိုင်တစ်ယောက် အနုပညာလှုပ်ရှားမှုတွေ တဖြည်းဖြည်းချင်း ပြန်လည်လုပ်ဆောင်နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ မကြာသေးခင်က မေတိုးခိုင်ရဲ့ YouTube Channel တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ စိတ်ဒဏ်ရာတွေ သက်သာလာပြီးနောက် ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ သူမရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကို ပြသလာတဲ့ မေတိုးခိုင်ရဲ့ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ မေတိုးခိုင်တစ်ယောက် သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကို ပရိသတ်တွေ သိရှိနိုင်စေဖို့ ရိုက်ကူးပေးထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်စေဖို့ ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်တက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *