ပရိသတ်ကြီးရေ သရုပ်ဆောင် သူထူးစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာကို မြင်တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာ သိပ်အသုံးပြုသူမဟုတ်တဲ့အတွက် သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေ သိပ်တွေ့ရလေ့ မရှိပါဘူး။
မကြာသေးခင်က သူထူးစံသွားအားပေးတဲ့ ဆိုင်တစ်ဆိုင်ရဲ့လူမှုကွန်ရက်တွင် ပုံတက်လာပြီး ရင်းနှီးတဲ့ မိတ်ဆွေများမှ body shaming လုပ်တဲ့ဒဏ်ကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဇနီးဖြစ်သူမှ မခံရပ်နိုင်ဖြစ်ရတဲ့အတွက် အခုလို ရေးသားဖြေရှင်းလာခဲ့တာ ဖြစ်ပါတယ်။
” Comment ပေးသလိုလို ဘာလိုလိုနဲ့ ကျွန်မယောကျ်ားအကြောင်းကို ဟာသအနေနဲ့ရော ဘယ်လိုနည်းနဲ့မှ ရေးစရာအကြောင်းမရှိဘူးနော်သူ့ဟာသူ ပိန်ပိန် ဝဝ ၊ စိတ်ချမ်းသာပြီးနေနေတာ ၊ body shamingဖြစ်နေတယ်ဆိုတာနားမလည်ကြဘူးထင်တယ်နော်😒၊နဲနဲတော့များနေပြီ၊ မန့်ထားတဲ့သူတွေ ကိုယ့်အကြောင်းကိုယ်သိကြ၊ ရှင်တို့နဲ့က မရင်းနှီးဘူးဆိုတော့လေ၊ ဟာသလုပ်နေတာတွေရပ်ရင်ရပ်မရပ်ရင် ရှင်တို့ မန့်တွေ ss ရိုက်ပြီး တင်ပြမယ်၊ ပုံရိုက်တဲ့ဆိုင်က မင်းသားအားပေးလို့ဂုဏ်ယူစွာနဲ့တင်တာ၊ ရှင်တို့တွေက သူများပုံလည်းယူတင်သေး၊ဟာသလုပ်ရအောင် ကျွန်မယောကျ်ားက လူရွှင်တော်မဟုတ်ဘူး၊ ရှင်တို့ကဲ့ရဲ့ဖို့ မဟုတ်ဘူး မှတ်ထား” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။