လွတ်မြောက်နယ်မြေတွင် နေထိုင်နေရတဲ့ သူမရဲ့လက်ရှိအခြေအနေအား ပုံနှင့်တကွပြသလိုက်တဲ့ ချစ်သုဝေ

မတရားမှုကိုအဆုံးထိ တွန်းလှန်ရင်း ရပ်တည်နေတာကတော့ ချစ်သုဝေတို့မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့ဟာ ခင်ပွန်းဖြစ်သူလင်းလင်းအပါအဝင်သမီးလေးနှစ်ယောက်နဲ့ပါတူတူထွက်ပြေးပုန်းရှောင်နေခဲ့တာပါ။ အခက်ခဲတွေကြုံတွေ့ရပေမယ့်လည်း ရင်ဆိုင်တော်လှန်နေတာဖြစ်ပါတယ်။

ဒီတော်လှန်ရေးအတွက်ခုချိန်ထိ တက်နိုင်တဲ့ဘက်ကနေပါဝင်လုပ်ကိုင်နေတာပါ။ အောင်မြင်တဲ့သူတွေဖြစ်တာကြောင့် တစ်ကိုယ်ကောင်းဆန်ပြီးဘဝကိုဖြတ်သန်းနိုင်ပေမယ့် မတရားမှုကိုမလိုချင်တဲ့စိတ်ဓာတ်တွေကြောင့်ခုလိုပုန်းရှောင်နေရတာပါ။ သူတို့မိသားစုစိတ်ဓာတ်လေးကလည်းပရိသတ်တွေအတွက်လေးစားဂုဏ်ယူစရာပဲဖြစ်ပါတယ်။

လူမှုကွန်ရက်ကနေတော့ပုံရိပ်လေးတွေကိုတစ်ခါတရံတင်ပေးလေ့ရှိပါတယ်။ခုမှာလည်းလွတ်မြောက်နယ်မြေအတွင်းမှာသူနေထိုင်ရတဲ့ပုံရိပ်လေးကိုပြလိုက်တာဖြစ်ပါတယ်။ ပရိသတ်တွေလည်းမတွေ့ရတာကြာပြီဖြစ်တာကြောင့်သူမရဲ့ပုံရိပ်လေးတွေကြည့်ပြီးအားပေးစကားလေးပြောပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.