ချစ်သူလေးနဲ့ လက်ထပ်ပွဲလေးကျင်းပဖို့ လိုအပ်တာတွေ စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဖွင့်ဟဝန်ခံလိုက်တဲ့ နန်းဆုရတီစိုး

တစ်ချိန်က video သရုပ်ဆောင်လောကမှာရောသီချင်းလေးတွေနဲ့ပါပရိသတ်တွေကိုဖျော်ဖြေရင်း အားပေးမှုတွေရလာတာကတော့ နန်းဆုရတီစိုးပဲဖြစ်ပါတယ်။ သူမကတော့ ယနေ့ချိန်ထိတိုင်အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာရပ်တည်နေနိုင်သူတစ်ယောက်ပါ။ အောင်မြင်မှုတွေနဲ့အတူပရိသတ်အားပေးမှုတွေကိုယနေ့ထိသိမ်းပိုက်ထားနိုင်တာပါ။

သူမကတော့ခုနောက်ပိုင်းအနုပညာအလုပ်တွေနဲ့ဝေးကွာနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူမှုကွန်ရက်ကနေတော့ပုံရိပ်လေးတွေတစ်ခါတစ်ရံတင်ပေးလေ့ရှိတာပါ။ နိုင်ငံကျော်တစ်ယောက်ဖြစ်တာကြောင့် သူမရဲ့လူမှုကွန်ရက်မှာလည်းအားပေးသူများစွာရှိနေတာဖြစ်ပါတယ်။

သူမရဲ့အချစ်ရေးလေးဟာလည်းပရိသတ်တွေကြားမှာရေပန်းစားပြီးသိချင်နေခဲ့တာပါ။ ခုမှာလည်း သူမလက်ထပ်တော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီသတင်းထွက်ပေါ်လာပြီးမှာပဲ ပရိသတ်တော်တော်များများဟာစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ သူမလက်ထပ်မယ့်သူဘယ်သူလဲဆိုတာကတော့ပရိသတ်တွေခန့်မှန်းသွားကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *