ခင်ပွန်းဖြစ်သူ အရမ်းလိုချင်နေတဲ့ ဒုတိယကိုယ်ဝန်လွယ်နေရပြီဖြစ်ကြောင်း ပုံနှင့်တကွ သက်သေပြလိုက်တဲ့ ခင်လွှမ်း

ပရိသတ်တိုင်းအားကျရတဲ့ပျော်ရွှင်စရာမိသားစုလေးပိုင်ဆိုင်ထားတာကတော့ခင်လွှမ်းပဲဖြစ်ပါတယ်။ သူမကတော့ စည်းဖြိုးမိဘတွေရဲ့အချစ်တွေကိုပါသိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်းမိန်းကလေးတိုင်းအားကျပြီးချစ်နေရတာပါ။

လက်မထပ်ခင်ကတည်းက ပရိသတ်တွေအားကျရနေတာဖြစ်ပြီး ခုသမီးလေးမွေးဖွားပြီးချိန်မှာလည်း စည်ဖြိုးရဲ့ဂရုစိုက်မှုတွေကြောင့်ပိုပျော်ရွှင်စရာကောင်းနေတာပါ။ သူမဟာ မိသားစုပုံရိပ်လေးတွေကို သမီးလေးပုံရိပ်လေးတွေကိုလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပါတယ်။ သမီးလေးနဲ့သူတို့မိသားစုပုံရိပ်လေးတွေကိုလည်းပရိသတ်တွေကြည့်ပြီးချစ်မဝဖြစ်နေရတာပါ။

ခုမှာလည်း ခင်လွှမ်းဟာ သူမရဲ့လူမှုကွန်ရက်ကနေ ပုံလေးတင်ပြီးပရိသတ်တွေကိုအံ့သြအောင်လုပ်ခဲ့တာပါ။ ကိုယ်ဝန်စစ်တဲ့အရာလေးကိုတင်ခဲ့တာဖြစ်ပြီး သမီးလေးရဲ့ မောင်လေးလားညီမလေးလားဆိုပြီးပရိသတ်တွေရင်ခုန်နေကြတာပါ။ April Fool Dayလေးလည်းဖြစ်တာကြောင့် တကယ်လားဆိုတာကတော့ပရိသတ်တွေသုံးသပ်ပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *