အမိုက်စား ဂါဝန်လေးကို အထာကျကျဝတ်ဆင်ပြီး သူမရဲ့ဗိုက်လုံးလုံးလေးကို ထုတ်ကြွားလိုက်တဲ့ ဘေဘီမောင်

မကြာမီရောက်လာတော့မယ့် ရင်သွေးလေးအတွက်ကြိုတင်ရင်ခုန်နေကြတာကတော့ သားဂန်းနဲ့ဘေဘီမောင်တို့ပဲ​ဖြစ်ပါတယ်။ သူတို့ရဲ့ပထမဆုံးရင်သွေးလေးဖြစ်တာကြောင့်ခုချိန်ကတည်းကစိတ်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဘေဘီမောင်စိတ်လှုပ်ရှားတဲ့ပုံရိပ်လေးတွေကြည့်ပြီးရင်ခုန်နေရတာပါ။

ဘေဘီမောင်ဟာ ရင်သွေးလေးအတွက်ကိုယ်ဝန်လွယ်ထားရပေမယ့်လည်း live saleလေးတွေလွှင့်ပြီးအလုပ်တွေလုပ်နေရတုန်းပါ။ သူတို့ရဲ့ရင်သွေးလေးအတွက်အလုပ်တွေကြိုးစားရင်းနဲ့ ပျော်ရွှင်စရာအချိန်တွေဖြတ်သန်းနေတာပါ။ သားဂန်းကလည်း မိန်းမဖြစ်သူစိတ်ချမ်းသာအောင်အမြဲဖြည့်ဆည်းပေးနေတာပါ။

ကိုယ်ဝန်ဆောင်ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ပေါ်မှာအမြဲတင်ပေးလေ့ရှိနေတာပါ။ ခုမှာလည်း ခင်မလျှော့ ဗိုက်ဗိုက်နဲ့တောင်မရဘူး ဖက်ရှင်နဲ့ပတ်သတ်ရင် ချစ်ဖို့ကောင်းရင်ကောင်းမဟုတ်ရင်မိမိုက်အဲလိုပဲကြိုက်တာယောကျာ်းကလည်းပုံတွေရိုက်ပေးတယ်ဟေ့ဆိုပြီးပျော်ရွှင်နေရတာပါ။ ပရိသတ်တွေလည်း ဘေဘီမောင်ရဲ့ပုံရိပ်လေးတွေကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *