သမီးလေးရဲ့မွေးနေ့မှာပေးဖို့အတွက် တန်ဖိုးကြီးလက်ဆောင်တွေ သေချာပြင်ဆင်နေကြတဲ့ ချမ်းချမ်းတို့ဇနီးမောင်နှံရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေး ပိုင်ဆိုင်ထားတာကတော့ အဆိုတော်ချမ်းချမ်းပဲဖြစ်ပါတယ်။ သူမကတော့မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုအပြည့်ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံရပ်ခြားမှာမိသားစုနဲ့အတူပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာပါ။

သူမကတော့လူမှုကွန်ရက်ကနေ ပရိသတ်တွေအတွက်ပုံရိပ်​လေးတွေကိုတင်ပေးလေ့ရှိတာပါ။ သမီးလေးရဲ့ပုံရိပ်လေးတွေ ချစ်စရာကောင်းတဲ့ video လေးတွေကိုတင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်းသမီးလေးရဲ့ video လေးတွေကိုကြည့်ပြီး အမေရောသမီးလေးကိုပါချစ်နေရတာပါ။

မနေ့ကတော့ သူမရဲ့သမီးလေး ပီလာရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ သမီးလေးရဲ့မွေးနေ့လေးကိုလည်း ဒီနေ့က သမီးလေး ပီလာ တနှစ်ပြည့်နေ့လေးပါ Happy birthday dear my princess Pilarသမီးလေး ဘဝမှာလိုအင်ဆန္ဒတွေ တထပ်တည်းကျနိုင်ပါစေဆိုပြီးဆုတောင်းပေးခဲ့တာပါ။ ပရိသတ်တွေလည်း ပီလာလေးရဲ့မွေးနေ့လေးကို ဆုတောင်းစကားလေးတွေပြောသွားကြပါဦးနော်။

Leave a Reply

Your email address will not be published.