ဝရမ်းပြေးဘဝနဲ့ တိမ်းရှောင်နေရစဉ်က ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတွေ ကြုံခဲ့ရပုံကို ဖွင့်ဟပြောပြလာတဲ့ ကျော်ကျော်နန္ဒ

အစပိုင်းမှာတော့ ဝေဖန်မှုတွေများစွာခံခဲ့ရပေမယ့်ခုမှာတော့ပရိသတ်တွေအားပေးမှုရရှိခဲ့တာကတော့ ကျော်ကျော်နန္ဒပဲဖြစ်ပါတယ်။ သူကတော့ခုနောက်ပိုင်းအနုပညာအလုပ်တွေကိုလည်းများစွာလုပ်နေတာပါ။ ပရိသတ်အားပေးမှုကလည်းအရင်ကထက်ပိုပြီးရရှိနေပြီဖြစ်ပါတယ်။

အရင်ကသူ့ပုံရိပ်တိုင်းမှာ ဝေဖန်မှုတွေများစွာကြုံတွေ့ခဲ့ရတာဖြစ်ပြီးခုမှာအချစ်တွေပြည့်ခဲ့ပါပြီ။ သူဟာ တိုင်းပြည်ကိုမတရားအာဏာသိမ်းလိုက်ချိန်မှာ ဆန့်ကျင်ဆန္ဒပြရာမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်းဖမ်းဝရမ်းထုတ်ခံကာထွက်ပြေးပုန်းရှောင်နေခဲ့ရတာပါ။

ခုမှာတော့သူဟာ ဝန်ခံကတိတွေနဲ့အတူပရိသတ်တွေပြန်လည်ရောက်ရှိလာတာပါ။ ဒီနေ့သူ့ရဲ့လူမှုကွန်ရက်လေးမှာလည်း ပြီးခဲ့တဲ့နှစ်သူထွက်ပြေးပုန်းရှောင်ရတဲ့ပုံရိပ်လေးကိုပြန်တင်ထားခဲ့တာပါ။ ၂၀၂၁ ခုနှစ်ဒီလိုချိန် 505 ဝရမ်းပြေဘဝမှာနေရာစုံ ဝတ်စုံပေါင်းစုံနဲ့ မိန်းမလိုတမျိုးယောက်ကျားလိုတမျိုးဖြတ်သန်းခဲ့ရတာလေးပါ နေကောညကောထိတ်လန့်ခဲ့ရတာ ဘယ်တော့မှမမေ့ပါဘူး ကူညီစောင့်ရှောက်ခဲ့သူများကိုလည်းကျေးဇူးမမေ့ပါဘူး လက်ရှိလည်း အမြန်ဆုံး အေးချမ်းကြပါစေဆိုပြီးပုံလေးတွေကိုတင်ပေးခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *