မကြာခင်ကမှ ပရိသတ်တွေရှေ့ကိုပြန်ရောက်လာနိုင်ခဲ့တာကတော့ လူမင်းပဲဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းကထိန်းသိမ်းထားခံခဲ့ရတာပါ။ ထိန်းသိမ်းခံရပြီးတစ်နှစ်ပြည့်ခါနီး မကြာခင်လပိုင်းကမှ ပြန်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
သူကတော့ ခုမှာမိသားစုကိုအချိန်ပေးပြီးအချိန်လေးတွေကုန်ဆုံးနေတာပါ။ ပရိသတ်တွေရှေ့ကို မရောက်လာသေးပေမယ့်လည်း အန်ကယ်လေးကိုပရိသတ်တွေကနားလည်ပေးပြီးသားဖြစ်ပါတယ်။ လူမှုကွန်ရက်လေးမှာတော့အစပိုင်းကပုံရိပ်လေးတွေတင်ပေးလေ့ရှိခဲ့တာပါ။
ခုမှာလည်း သူ့ရဲ့လူမှုကွန်ရက်ကပုံတစ်ပုံကြောင့်ပရိသတ်တွေကြည်နူးခဲ့ရတာပါ။ သူတို့သားဖနှစ်ယောက်ဟာ ခုမှာတော့ သာသနာ့ဘောင်ကိုဝင်ရောက်နေတာဖြစ်ပါတယ်။ အေးချမ်းဖို့ကောင်းတဲ့လူမင်းတို့သားဖနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။