ရင်သွေးလေးရှိမှန်းစသိကတည်းက နေ့စဉ်မပြတ်မက်နေတဲ့ အိမ်မက်တွေရဲ့ထူးဆန်းပုံကို ထုတ်ဖော်ပြောပြလာတဲ့ ဘေဘီမောင်

ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်အချစ်တွေများစွာရရှိပြီးအောင်မြင်နေတာကတော့ ဘေဘီမောင်ပဲဖြစ်ပါတယ်။ သူမဟာခုချိန်မှာပျော်ရွှင်စရာမိသားစုဘဝလေးကိုရရှိထားတာပါ။ မကြာခင်ရောက်လာတော့မယ့် ရင်သွေးလေးကိုကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်လောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ live saleလေးတွေကလည်းအားပေးသူပရိသတ်များစွာနဲ့အောင်မြင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဖက်ဖက်ကပြည့်စုံအောင်မြင်တဲ့သူ့ဘဝလေးကိုတော့ပရိသတ်တွေအားကျနေရတာပါ။ ခုမှာလည်း နောက်ထပ်အလုပ်သစ်လေးတစ်ခုနဲ့ပရိသတ်တွေကိုအားကျအောင်လုပ်လိုက်တာပါ။

သူမရဲ့ကိုယ်ပိုင် ရတနာဆိုင်လေးကိုဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရတနာလုပ်ငန်းကတခြားလုပ်ငန်းနဲ့မတူပါဘူးစိတ်နှစ်ပြီးအားသွန်ခွန်စိုက်လုပ်ရပါတယ် သင်ယူလေ့လာစရာတွေလည်းအများကြီးပါ မျိုးရိုးစဉ်စက်လုပ်ကိုင်ရတဲ့အလုပ်လည်းမဟုတ်ပါ အစိမ်းသက်သက်ကြီးဖြစ်ပါတယ် ဘဝတစ်ခုရဲ့စိတ်ခေါ်မှု့အတွက်ကြိုးစားပြီးဖြစ်အောင်လုပ်မယ့် လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်ဆိုပြီးလည်းလုပ်ငန်းနဲ့ပတ်သက်တာလေးကိုပြောပြခဲ့တာပါ။ ပရိသတ်တွေလည်း ဘေဘီမောင့်ရဲ့ ရတနာဆိုင်လေးကိုလည်းလေ့လာပြီးအားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *