ချို့တဲ့ပြီးအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည် သူတွေအတွက် ဆန်နဲ့ဆီတွေပေးဝေပြီး လှူဒါ န်း မှုမှာ ပါ ဝင်ခဲ့တဲ့ စူးရှထက်

ချို့တဲ့ပြီးအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည် သူတွေအတွက် ဆန်နဲ့ဆီတွေပေးဝေပြီး လှူဒါ န်း မှုမှာ ပါ ဝင်ခဲ့တဲ့ စူးရှထက်

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် စူးရှထက်ကတော့ ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးချစ်ခင်မှုတွေနဲ့အတူ အနုပညာလော က မှာ နေရာတစ်ခုအခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်..။

လက်ရှိအခြေအ နေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်နေကာ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်နေသလို လှူဒါန်းမှုတွေကို လ ည်း ပြုလုပ်နေတဲ့ စူးရှထက်ကတော့ ဒီကနေ့မှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်..။

စူးရှထက်ကတော့ ချစ်ခင်ရတဲ့အစ်မဖြစ်သူနဲ့အတူ ချို့တဲ့ပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် ဆန်နဲ့ဆီတွေ ပေးဝေလှူဒါန်းပြီး အလှူမှာကိုယ်တိုင်ကိုယ်ကျ တတ်နိုင်သလောက် ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတဲ့ စူးရှထက်ကတော့ နေ့တိုင်းလိုလိုပြုလုပ်နေတဲ့ သူမရဲ့အလှူပုံရိပ် တွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ကိုလည်း အမြဲမျှဝေတတ်သူလည်း ဖြစ်ပါတယ်..။

“စူးအမ အလှူလေး ဒီထက်မကလှူနိုင်ပါစေနော်

မိန်းရေ🥰🙏🙏🙏 ပုံကခွင့်တောင်းပြီ တင်တာပါ🥰..” ဆိုပြီး အလှူလေးမှာ ကုသိုလ်ပါဝင်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်း ဝေမျှထား တာ ပါ..။

နေ့တိုင်းလိုလိုတတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ စူးရှထက်ကိုတော့ ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Zawgyi









Leave a Reply

Your email address will not be published. Required fields are marked *